Myanmar Ambassador H.E. U Thant Sin visits the Myanmar Golden Temple in Lumbini Sacred Garden

(30 April and 1 May 2026, Lumbini)

Myanmar Ambassador to Nepal H.E. U Thant Sin, who was in Lumbini for a brief visit to attend “The Ceremony commemorating the 2570th Buddha Jayanti and Lumbini Day 2026” held at the Maya Devi Temple in the Lumbini Sacred Garden, visited the Myanmar Golden Temple on the evening of 30 April and morning of 1 May 2026.

During the visit, the Ambassador inspected the ongoing interior renovations of the prayer room in the Dhamma Hall and paid homage to the Ananda Ordination Hall and the replica of the Shwedagon Pagoda in the compound of Myanmar Golden Temple, and gave necessary guidance and instructions to the religious officers.

In addition, the Ambassador paid respects to Agga Maha Saddhamma Jotika Dhaja Bhaddanta Sujanita and Maha Saddhamma Jotika Dhaja Bhaddanta Pandita Sayadaws residing at the Myanmar Golden Temple, Lumbini and donated offerings to the Sayadaws.

မြန်မာသံအမတ်ကြီး ဦးသန့်စင် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်ရှိ မြန်မာရွှေကျောင်းတော်ကြီးသို့ သွားရောက်ခြင်း

(၃၀-၄-၂၀၂၆ နှင့် ၁-၅-၂၀၂၆၊ လုမ္ဗိနီ)

လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်၊ မယ်‌တော်မာယာကျောင်းတိုက်၌ကျင်းပသည့် The 2570th Buddha Jayanti and Lumbini Day – 2026 (ဗုဒ္ဓနေ့အခမ်းအနား)သို့ တက်ရောက်ရန် လုမ္ဗိနီသို့‌ ခေတ္တ ရောက်ရှိနေသည့် မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက်ထားသည့် မြန်မာရွှေကျောင်းတော်ကြီးသို့ ၃၀-၄-၂၀၂၆ ရက်နေ့ညနေပိုင်းနှင့် ၁-၅-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတို့တွင် သွားရောက်ခဲ့ပါသည်။

ထိုသို့သွားရောက်စဉ် သံအမတ်ကြီးသည်မြန်မာရွှေကျောင်းတော်ကြီး၊ ဓမ္မာရုံရှိ ဘုရားခန်း အတွင်းပိုင်းပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ အာနန္ဒာသိမ်နှင့် ရွှေတိဂုံပုံတူ စေတီတော်ကြီးအား ဖူးမြော်ခြင်းများဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရှိ ရပါသည်။

ထို့ပြင် သံအမတ်ကြီးသည် ‌မြန်မာရွှေကျောင်းတော်ကြီး၌ သီတင်းသုံးလျက်ရှိသည့် ကျောင်းထိုင် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုဇနိတနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ တို့ထံ သွားရောက်ကန်တော့၍ လှူဖွယ်ပစ္စည်းများလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

Nay Pyi Taw Time

Kathmandu Time

Holiday for Months

1 May 2026
Labour Day (Myanmar)
Buddha Jayanti Day (Nepal)

29 May 2026
Republic Day (Nepal)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776