Ambassador U Thant Sin receives Advisor Mr. Pitambar Aryal and members of Nepal Unites

(15-7-2026, Kathmandu)

H.E. U Thant Sin, Ambassador of Myanmar to Nepal received Advisor Mr. Pitambar Aryal and members of Nepal Unites at Myanmar Embassy on 15 July 2026 at 1430 hrs.
During the meeting, Mr. Pitambar Aryal provided a brief overview of Nepal Unites’ goals and objectives and introduced its upcoming event, the Future Leaders Conference (FLC) 2026, which will bring together international students and young leaders in Kathmandu from 20 to 23 November 2026. Both sides exchanged views on potential areas for future cooperation between the Embassy of Myanmar and Nepal Unites Team.

မြန်မာသံအမတ်ကြီး ဦးသန့်စင် Nepal Unites အဖွဲ့မှ Advisor Mr. Pitambar Aryal နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခြင်း

(၁၅-၇-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁၄၃၀ နာရီအချိန်တွင် Nepal Unites အဖွဲ့မှ Advisor Mr. Pitambar Aryal နှင့်အဖွဲ့ဝင် များအား သံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် Mr. Pitambar Aryal က Nepal Unites အဖွဲ့အစည်း၏ ရည်မှန်းချက်၊ ဦးတည်ချက်များနှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့ မှ ၂၃ ရက်နေ့အထိ ကတ္တမန္ဒူးမြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာကျောင်းသားများနှင့် လူငယ်ခေါင်းဆောင်များပါဝင် တက်ရောက် မည့် “Future Leaders Conference (FLC) 2026” နှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာသံရုံးနှင့် Nepal Unites တို့အကြား အနာဂါတ်ပူးပေါင်းဆောင်ရွက်နိုင်မှု အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Nay Pyi Taw Time

Kathmandu Time

Holiday for Months

29 July 2026
Full Moon Day of Waso (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776