Ambassador U Thant Sin pays a courtesy call on Honourable Mr. Khadak Raj Paudel, Minister of Culture, Tourism and Civil Aviation of the Federal Democratic Republic of Nepal

(9-7-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal paid a courtesy call on Honourable Mr. Khadak Raj Paudel, Minister of Culture, Tourism and Civil Aviation of the Federal Democratic Republic of Nepal at the Ministry of Culture, Tourism and Civil Aviation in Kathmandu on 9 July 2026 at 1000 hrs.
During the meeting, the Myanmar Ambassador extended its congratulations to the Honourable Minister on the assumption of his responsibilities as the Minister of Culture, Tourism and Civil Aviation of Nepal and the two sides exchanged views on matters pertaining to further promoting cooperation in the religious, culture, tourism and civil aviation sectors, as well as strengthening people-to-people relations between Myanmar and Nepal.

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ဂါရဝပြု တွေ့ဆုံခြင်း

(၉-၇-၂၀၂၆ ရက်နေ့၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာ ရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီး Honourable Mr. Khadak Raj Paudel အား ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့၊ ၁၀၀၀ နာရီတွင် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနသို့ သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက Honourable Mr. Khadak Raj Paudel အား ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့ပြီး မြန်မာ-နီပေါနှစ်နိုင်ငံအကြား သာသနာ ရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှု တိုးမြှင့်ဆောင်ရွက် နိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Nay Pyi Taw Time

Kathmandu Time

Holiday for Months

29 July 2026
Full Moon Day of Waso (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776