Ambassador U Thant Sin attends National Climate Summit 2026
(29-10-2026, Kathmandu)
At the invitation of the Ministry of Foreign Affairs of Nepal, H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal attended the National Climate Summit 2026 held at Hotel Yak and Yeti in Kathmandu on 29 October 2026.
During the meeting, Foreign Minister of Nepal H.E. Mr. Shisir Khanal identified four priorities for Nepal ahead of the 31st UN Climate Change Conference (COP31) to be held in Antalya, Turkiye next month. Together with Minister of Agriculture, Forests and Environment H.E. Ms. Gita Chaudhary, Foreign Minister Khanal launched the Mountain Strategy and other climate policy documents of Nepal. The Ambassador of Myanmar, together with the attendees, participated in commemorated photo session held at the closing ceremony of the summit meeting.
မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံအမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (၂၀၂၆) သို့ ပါဝင်တက်ရောက်
(၂၉-၁၀-၂၀၂၆၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကတ္တမန္ဒူးမြို့ရှိ Yak and Yeti Hotel ၌ ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီး အစည်းအဝေး (၂၀၂၆) သို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် နီပေါနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှီဆာခါနယ်က လာမည့် နိုဝင်ဘာလတွင် တူရကီနိုင်ငံ၊ အန်တာလျာမြို့၌ ကျင်းပမည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ၃၁ ကြိမ် မြောက်ညီလာခံ (COP31) မတိုင်မီ နီပေါနိုင်ငံအနေဖြင့် ဦးစားပေးဆောင်ရွက်သွားမည့် အချက် လေးချက်ကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှီဆာခါနယ်နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီး မစ္စဂီတာချုံထရီ တို့သည် နီပေါနိုင်ငံ၏ တောင်တန်းဒေသဆိုင်ရာ မဟာဗျူဟာနှင့် ရာသီဥတုဆိုင်ရာ မူဝါဒစာတမ်းများကို အတည်ပြုထုတ်ပြန်ခဲ့ပါသည်။ မြန်မာသံအမတ်ကြီးသည် ထိပ်သီးအစည်းအဝေးအပြီး အစည်း အဝေးတက်ရောက်လာသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးသည့် အစီအစဉ်၌ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
9 November 2026
Tihar Festival (Nepal)
10 November 2026
Tihar Festival (Nepal)
23 November 2026
Full Moon Day of Tazaungmone Festival (Myanmar)
24 November 2026
Full Moon Day of Tazaungmone Festival (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
