Ambassador H.E. U Thant Sin receives Mr. Kim Tae Wan, Chief Executive Officer and delegation of SUNSHINE YANGON Company Limited
(17-6-2026, Kathmandu)
H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar received Mr. Kim Tae Wan, Chief Executive Officer and delegation of SUNSHINE YANGON Company Limited at Myanmar Embassy on 17 June 2026 at 1030 hrs.
During the meeting, Mr. Kim Tae Wan briefed the company’s profile and its ongoing activities of SUNSHINE YANGON and both sides discussed the prospects of cooperation in the renewable energy sector in Nepal.
Furthermore, the Ambassador attended a working dinner along with the CEO and members of SUNSHINE YANGON Company Ltd., and Mr. Shiva Kumar Agrawal, President of the Nepal–Myanmar Chamber of Commerce (NMCCI), and members of NMCCI at Hotel Barahi, Kathamandu, on 18 June 2026 at 1830 hrs. During the working dinner, they cordially exchanged views on matters relating to the further enhancing of trade and investment between Myanmar and Nepal.
သံအမတ်ကြီး ဦးသန့်စင် SUNSHINE YANGON Company Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Kim Tae Wan နှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံခြင်း
(၁၇-၆-၂၀၂၆၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ ၁၀၃၀ နာရီတွင် မြန်မာနိုင်ငံအခြေစိုက် SUNSHINE YANGON Company Limited ၏ အမှုဆောင် အရာရှိချုပ် Mr. Kim Tae Wan နှင့် အဖွဲ့ဝင်များအား မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် Mr. Kim Tae Wan မှ SUNSHINE YANGON Company Limited ၏ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက်များအား မိတ်ဆက်ရှင်းလင်းတင်ပြခဲ့ပြီး အနာဂါတ်တွင် နီပေါနိုင်ငံ၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအလား အလာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ ၁၈၃၀ နာရီတွင် ကတ္တမန္ဒူးမြို့ရှိ Hotel Barahi ၌ မြန်မာ သံအမတ်ကြီး ဦးဆောင်၍ SUNSHINE YANGON Company Limited ၏ အမှုဆောင်အရာရှိချုပ် နှင့် အဖွဲ့ဝင်များ၊ နီပေါ-မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ Mr. Shiva Kumar Agrawal နှင့် အဖွဲ့ဝင်များနှင့် အလုပ်သဘောညစာစားပွဲ ပြုလုပ်ခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
1 May 2026
Labour Day (Myanmar)
Buddha Jayanti Day (Nepal)
29 May 2026
Republic Day (Nepal)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
