Ambassador H.E. U Thant Sin attends the Opening Ceremony of “The Malaysia Badminton Friendly Tournament 2026”
(11-7-2026, Kathmandu)
H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal attended the Opening Ceremony of “The Malaysia Badminton Friendly Tournament 2026” organized by the Embassy of Malaysia in Nepal. The ceremony was held at Dhaneyantan Badminton Hall, Kalopool, Kathmandu on 11 July 2026 at 1000 hrs.
At the opening ceremony, the Charge’ d’Affairs of the Embassy of Malaysia delivered the opening remarks and Myanmar Ambassador H.E. U Thant Sin, together with the Heads of Missions of other Embassies, officially inaugurated the tournament by playing a ceremonial badminton match. Two diplomats from the Myanmar Embassy participated in the Badminton Tournament, reflecting the spirit of friendship, goodwill and cooperation that exists among the diplomats and international community in Nepal. The event was attended by the Ambassadors and diplomats from the Embassy of China, India, Malaysia, Myanmar, Thai, Bangladesh, Russia, Norway and other invited guests.
မြန်မာသံအမတ်ကြီး ဦးသန့်စင် “The Malaysia Badminton Friendly Tournament 2026” ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခြင်း
(၁၁-၇-၂၀၂၆၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ ၁၀၀၀ နာရီတွင် ကတ္တမန္ဒူးမြို့၊ Kalopool ၏ Dhaneyantan Badminton Hall ၌ မလေးရှားသံရုံးမှ ကြီးမှူးကျင်းပသော “The Malaysia Badminton Friendly Tournament 2026” ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနား၌ မလေးရှားသံရုံး သံရုံးယာယီတာဝန်ခံက အဖွင့်အမှာစကားပြောကြား ပြီး မြန်မာသံအမတ်ကြီးက အခြားသံရုံးအကြီးအကဲများနှင့်အတူ ကြက်တောင်ရိုက် အားကစားသရုပ်ပြ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ကြက်တောင်ရိုက် အားကစားပြိုင်ပွဲသို့ မြန်မာသံရုံးမှ ဝန်ထမ်း ၂ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ရာ နီပေါနိုင်ငံရှိ သံတမန် များနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် စိတ်ဓာတ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေခြင်းကို ထင်ဟပ်စေပါသည်။ အဆိုပါချစ်ကြည်ရေး ကြက်တောင်ရိုက်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တရုတ်၊ အိန္ဒိယ၊ မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှားနှင့် နော်ဝေသံရုံးတို့မှ သံအမတ်ကြီးနှင့် သံတမန်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
29 July 2026
Full Moon Day of Waso (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
