သံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့် အစ္စရေး သံအမတ်ကြီး တို့အား သွားရောက်တွေ့ဆုံ
(၂၉-၈-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)
နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၉-၈-၂၀၂၄ ရက်တွင် နီပေါနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး His Excellency Mr. Suwapong Sirisorn အား ကတ္တမန္ဒူးမြို့အခြေစိုက် ထိုင်းသံရုံး၌ သွားရောက် တွေ့ဆုံခဲ့ပြီး မြန်မာ – ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် မြန်မာသံအမတ်ကြီးသည် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ Mr. Shankar Gimirak နှင့် တာဝန်ရှိသူများအား သံရုံးဧည့်ခန်းမတွင် လက်ခံတွေ့ဆုံပြီး နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ယမန်နေ့ နေ့လယ်ပိုင်းကလည်း သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး His Excellency Mr. Hanan Goder-Goldberger (Dean of Diplomatic Corps) အား ကတ္တမန္ဒူးမြို့အခြေစိုက် အစ္စရေးသံရုံး၌ သွားရောက်မိတ်ဆက် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
U Myo Myint Maung pays courtesy call on Ambassador of Royal Thai to Nepal and Ambassador of Israel to Nepal
(29-8-2024, Kathmandu)
U Myo Myint Maung, Ambassador-designate of Myanmar to the Federal Democratic Republic of Nepal, paid a courtesy call on His Excellency Mr. Suwapong Sirisorn, Ambassador of Royal Thai to Nepal and cordially discussed cooperation between Myanmar and Thailand for further development.
In the afternoon, His Excellency, Mr. Myo Myint Maung received Mr. Shankar Gimirak, President of the Nepal-Myanmar Friendship Association and its members and exchanged views on the activities of the Nepal-Myanmar Friendship Association.
On 28th August 2024, His Excellency, U Myo Myint Maung also paid a courtesy call on His Excellency Mr. Hanan Goder-Goldberger, Ambassador of Israel to Nepal (Dean of Diplomatic Corps) at the latter’s office.
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)