ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး
(၂၃-၉-၂၀၂၄ ရက်၊ ရန်ကုန်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုူကို ၂၃-၉-၂၀၂၄ ရက် (တနင်္လာနေ့)၊ ၁၁:၀၀ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံတကာအခင်းအကျင်းများ၊ နိုင်ငံတကာလတ်တလော ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ ဦးစားပေးဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးအမှာစကားပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အဖွဲ့၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတကာနှင့် ပြည်တွင်းရေး အခြေအနေတို့နှင့်စပ်လျဉ်း၍ အသိပညာရှင်များရှု့ထောင့်မှ ဆွေးနွေးတင်ပြခဲ့ကြပါသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နိုင်ငံတကာ၊ ဒေသတွင်းနှင့် ပြည်တွင်းဖြစ်ပေါ်တိုးတက်မှုများ ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar meets with Members of the Myanmar Institute of Strategic and International Studies (MISIS)
(23-9-2024, Yangon)
U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar meets with Members of the Myanmar Institute of Strategic and International Studies (MISIS) at 11:00 hrs. on 23 September 2024 at the Conference Room of the MISIS.
At the meeting, Deputy Prime Minister and Union Minister for Foreign Affairs reflected on contemporary international relations, current situation in Myanmar and provided guidance for future direction of the MISIS.
The Chair and members of MISIS reported on the current implementation process of the MISIS and made briefing of their intellectual views on global and local conditions to Deputy Prime Minister and Union Minister for Foreign Affairs.
Then, Deputy Prime Minister and Union Minister for Foreign Affairs and the Chair and members of MISIS exchanged of their insightful thoughts on international, regional and domestic affairs cordially and frankly.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
