သံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဌာနမှ Joint Secretary အား သွားရောက်တွေ့ဆုံ

(၂၀-၉-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၂၀-၉-၂၀၂၄ ရက်နေ့တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဌာနမှ အကြီးအကဲ (Joint Secretary) ဖြစ်သူ Ms. Rita Dhital အား နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက်မိတ်ဆက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား သမိုင်းကြောင်းရှည်ကြာ ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေး တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် နည်းပညာဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများ၊ လုမ္ဗိနီဒေသသို့ သွားရောက်သည့် မြန်မာဘုရားဖူးများ အဆင်ပြေချော မွေ့စေရေး ကူညီဆောင်ရွက်ပေးရေး အပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

U Myo Myint Maung paid courtesy call on Her Excellency Ms. Rita Dhital, Joint Secretary of the South East Asia and the Pacific Division of the Ministry of Foreign Affairs of the Government of Nepal

(20-9-2024, Kathmandu)

His Excellency U Myo Myint Maung, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to the Federal Democratic Republic of Nepal, paid a courtesy call on Her Excellency Ms. Rita Dhital, Joint Secretary of the South East Asia and the Pacific Division of the Ministry of Foreign Affairs of the Government of Nepal at the Ministry of Foreign Affairs in Kathmandu on 20th September 2024.
During the call, they cordially exchanged views on the promotion of historic and friendly bilateral ties and expansion of cooperation in areas of mutual interest including trade, culture, tourism and technology services between Myanmar and Nepal. They also discussed about facilitating smooth and convenient travel for Myanmar pilgrims to the Lumbini area.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)