ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်အားလက်ခံတွေ့ဆုံ

(၃၀-၁၀-၂၀၂၄ ရက်၊ နေပြည်တော်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော လာအိုနိုင်ငံသံအမတ်ကြီး မစ္စတာ ငွန်းဆဲန် ခမ်ဒါလာဗွန်အား ၃၀-၁၀-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့)၊ ၁၃ဝဝ နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးဖြစ်ပေါ်တိုးတက်မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး၊ နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများ၊ အထူးသဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ခရီးသွားကဏ္ဍနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု အစရှိသည့် ကိစ္စရပ်များသာမက ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရေးကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

The Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar U Than Swe received H.E. Mr. Heuangseng KHAMDALAVONG, Ambassador Extraordinary and Plenipotentiary of the Lao PDR to the Republic of the Union of Myanmar

(30-10-2024,Nay Pyi Taw)

The Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar U Than Swe received H.E. Mr. Heuangseng KHAMDALAVONG, Ambassador Extraordinary and Plenipotentiary of the Lao PDR to the Republic of the Union of Myanmar who is leaving Myanmar after completion of his tour of duty in Myanmar at 1300 hrs on 30 October 2024 at the Ministry of Foreign Affairs in Nay Pyi Taw.
During the farewell call, they reviewed the development of the existing traditional friendly relations and candidly discussed matters on wide range of issues pertaining to the potential for further strengthening the mutually beneficial cooperation especially in the areas of trade and investment, tourism and people-to-people contacts between the two countries as well as closer collaboration in both regional and multilateral arenas.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)