မြန်မာသံအမတ်ကြီး ပါကစ္စတန်သံရုံးမှ ကျင်းပသည့် Pakistanka Boudh Sampadhaharu စာအုပ် မိတ်ဆက်ပွဲအခမ်းအနားသို့ တက်ရောက်
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းတွင်၊ နီပေါနိုင်ငံအခြေစိုက် ပါကစ္စတန်သံရုံးက ကျင်းပသည့် ပါကစ္စတန်နိုင်ငံ၏ ဗုဒ္ဓအမွေအနှစ်များအကြောင်းရေးသားထားသည့် Pakistan’s Buddhist Heritage စာအုပ်အား နီပေါဘာသာဖြင့် ပြုစုထုတ်ဝေသည့် Pakistanka Boudha Sampadhaharu စာအုပ် မိတ်ဆက်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ကတ္တမန္ဒူးမြို့၊ Hilton Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အခမ်းအနားတွင် နီပေါလွှတ်တော်ကိုယ်စားလှယ် Mr. Bhim Prasad Acharya (Chief Guest)၊ နီပေါနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Abrar H Hashmi နှင့် စာရေးသူ Mr. Om Charan Amatya တို့မှ အသီးသီး အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ပါကစ္စတန်နိုင်ငံမှ တက္ကသိုလ်များနှင့် ပညာရှင်အဖွဲ့အစည်းများကလည်း အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြ ပါသည်။
အဆိုပါ စာအုပ်ကို စာရေးသူ Om Charan Amatya က ပါကစ္စတန်နိုင်ငံနှင့် နီပေါနိုင်ငံအကြား ဗုဒ္ဓ အမွေအနှစ်ဆိုင်ရာ တိုက်ရိုက်ချိတ်ဆက်မှုများရှိပြီး ဗုဒ္ဓဘာသာအခြေပြု ခရီးသွား လမ်းကြောင်း တစ်ခုအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်း အလေးပေး ရေးသားထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ စာအုပ်အား နီပါလီ ဘာသာစကားဖြင့် ထပ်မံထုတ်ဝေခြင်းသည် နီပေါနှင့် ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဗုဒ္ဓဘာသာအခြေခံသည့် ကူးလူးဆက်ဆံမှုတို့ကို တိုးမြှင့်စေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
**************************************************
Myanmar Ambassador attends Official Book launching Ceremony hosted by Pakistan Embassy in Kathmandu
Myanmar Ambassador to Nepal, H.E. U Myo Myint Maung attended the official Book Launching ceremony of “Pakistanka Boudha Sampadhaharu” in Nepali language, authored by renowned Nepali scholar Mr. Om Charan Amatya on the afternoon of July 10, 2025. The event was hosted by Pakistan Embassy in Kathmandu, at the Hilton Hotel.
Honorable Member of Parliament of Nepal, Mr. Bhim Prasad Acharya, attended the event as the Chief Guest and delivered the keynote address. The Ambassador of Pakistan to Nepal, H.E. Mr. Abrar H. Hashmi, and the author, Mr. Om Charan Amatya, also addressed their respective remarks.
Academics and representatives from universities and think tanks organizations in Pakistan also participated in the event virtually.
The author highlighted the direct connection of Buddhist heritages between Nepal and Pakistan, and existence of a natural pilgrimage route for devout Buddhists. The publication of this book in the Nepali language is intended to further strengthen the bonds of friendship and promote cultural and religious exchange between Nepal and Pakistan, particularly through the lens of their common Buddhist legacy.
From left to right (Front Row): Member of Parliament of Nepal (Chief Guest), Pakistan Ambassador (Host), Myanmar Ambassador (Special Guest) at the ceremony
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
