အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင် စတင်တာဝန်ထမ်းဆောင်ကြောင်း ကျမ်းသစ္စာ ကျိန်ဆိုခြင်း အခမ်းအနား ပြုလုပ်ခဲ့
(၁-၁၁-၂၀၂၄၊ ဂျကာတာ)
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်ရာထူးတွင် သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်က ၁-၁၁-၂၀၂၄ ရက်မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
၁-၁၁-၂၀၂၄ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်မ်ဟွန်က သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။ ထို့နောက် ကျမ်းသစ္စာကျိန်ဆိုသည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အာဆီယံ အတွင်းရေးမှူးချုပ်က လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း မဏ္ဍိုင်အောက်မှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
သံအမတ်ကြီး (အငြိမ်းစား) ဦးစံလွင်သည် အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်း ဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ၂၀၂၄ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (၃) နှစ်တာ တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။
The Oath-taking Ceremony of H.E. San Lwin as the Deputy Secretary-General of ASEAN for ASEAN Socio-Cultural Community has held
(1-11-2024, Jakarta)
H.E. U San Lwin, Ambassador (RTD), took over the role of Deputy Secretary-General (DSG) of ASEAN for ASEAN Socio-Cultural Community (ASCC) at the ASEAN Secretariat in Jakarta, Indonesia starting from 1 November 2024.
On 1 November 2024, Secretary-General of ASEAN, Dr. Kao Kim Hourn, presided over the oath-taking ceremony, which marked the beginning of DSG U San Lwin’s term. The ceremony was followed by the introductory meeting to briefly discuss the ongoing process as well as the other important follow-up under the ASCC Community Pillar.
H.E. U San Lwin will be taking the role of Deputy Secretary-General (DSG) of ASEAN for ASEAN Socio-Cultural Community (ASCC) for three-year term from 2024 to 2027.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
