ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
(၁၂-၁၁-၂၀၂၄ရက်၊ နေပြည်တော်)
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဘရာဇီးလ် ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂူစထာဗို ရော်ချာ ဒီ မင်နင်းဇီးစ်အား ၁၂-၁၁-၂၀၂၄ ရက် (၁၃၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား စတုတ္ထကြိမ်မြောက် နိုင်ငံရေးရာဆွေးနွေးပွဲကျင်းပနိုင်ရေး နှင့် နိုင်ငံတကာမျက်နှာစာတွင် မြန်မာ-ဘရာဇီးလ်နှစ်နိုင်ငံပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အပါအဝင် နှစ်နိုင်ငံအပြန်အလှန်အကျိုးဖြစ်ထွန်း စေမည့်အလားလာရှိသော ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
Deputy Prime Minister and Union Minister for Foreign Affairs receives Brazilian Ambassador to Myanmar
(12-11-2024,Nay Pyi Taw)
The Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar U Than Swe received H.E. Mr. Gustavo Rocha de Menezes, Ambassador Extraordinary and Plenipotentiary of the Federative Republic of Brazil to the Republic of the Union of Myanmar, at 1300 hrs on 12 November 2024 at the Ministry of Foreign Affairs, Nay Pyi Taw.
During the call, they cordially exchanged views on matters pertaining to the enhancement of Myanmar-Brazil bilateral relations and explored potential areas of collaboration for mutual benefit, including the Global Alliance Against Hunger and Poverty, the 4th political consultations between Myanmar and Brazil and closer collaboration in the international arenas.
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)