ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်က ခန့်အပ်လွှာ လာရောက်ပေးအပ်

(၂၀-၁၁-၂၀၂၄ရက်၊ နေပြည်တော်)

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (United Nations World Food Programme – WFP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်မည့် Mr. Michael John Dunford က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် ၁၀:၀၀ နာရီတွင် ၎င်း၏ ခန့်အပ်လွှာကို လာရောက်ပေးအပ်ခဲ့သည်။
ထိုသို့ လာရောက်ပေးအပ်စဉ် WFP က မြန်မာနိုင်ငံတွင် လက်ရှိပူးပေါင်းဆောင်ရွက်လျက်ရှိ သောကိစ္စများနှင့် ပတ်သက်၍ WFP မှ မြန်မာနိုင်ငံ၌ ရှေ့ဆက်ဆောင်ရွက်မည့်ကိစ္စများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

WFP Representative to Myanmar presents his Credentials to the Deputy Prime Minister and Union Minister for Foreign Affairs

20-11-2024, Nay Pyi Taw)

The Representative of the United Nations World Food Programme to Myanmar, Mr. Michael John Dunford, presented his Credentials to H. E. U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs, at the Ministry of Foreign Affairs in Nay Pyi Taw at 10:00 hrs on 20 November 2024.
During the presentation of Credentials, they exchanged views on matters relating to the existing cooperation between Government of the Republic of the Union of Myanmar and WFP and future programme of WFP in Myanmar.
Also present at the meeting were the senior officials of the Ministry of Foreign Affairs.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)