ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၆/၂၀၂၄)မှ သင်တန်းသား/သင်တန်းသူများ က ဂါရဝပြုတွေ့ဆုံ

(၂၂-၁၁-၂၀၂၄ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာန များမှ အရာထမ်း၊ အမှုထမ်းများနှင့် နိုင်ငံတကာရေးရာများကို စိတ်ပါဝင်စားသည့် ပြင်ပမှပုဂ္ဂိုလ် များအတွက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းများကို နေပြည်တော်နှင့် ရန်ကုန်မြို့တို့ တွင် စဉ်ဆက်မပြတ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန်တန်းခွဲနှင့် နေပြည်တော် တန်းခွဲရှိ သင်တန်းသား/ သူများနှင့် တွေ့ဆုံပွဲကို ၂၂-၁၁-၂၀၂၄ ရက် (သောကြာနေ့) နံနက် (၁၀:၃၀) နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၄၀)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးမှ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) တွင် တက်ရောက် လျက်ရှိသော သင်တန်းသား/သူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးလွင်ဦးမှ သံတမန်ရေးရာ ဘာသာရပ်များကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) ရန်ကုန်နှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူ ကိုယ်စားလှယ်များက ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ထို့နောက် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၆/၂၀၂၄) ရန်ကုန် တန်းခွဲနှင့် နေပြည်တော်တန်းခွဲတို့မှ သင်တန်းသား/သူများ နေပြည်တော်ရှိ အထင်ကရနေရာ များဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါသန္တိစေတီတော်တို့အား သွားရောက်ဖူး မျှော်ခြင်း၊ သူရဲကောင်းဗိမ္မာန်သို့ သွားရောက်၍ ကျဆုံးလေပြီးသော သူရဲကောင်းစစ်သည်တော် များအား အလေးပြုခြင်း၊ အမျိုးသားပြတိုက်နှင့် ငလိုက်ဆည်ဆင်စခန်းတို့သို့ သွားရောက် လေ့လာခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)