Ambassador U Thant Sin pays courtesy call on Right Honourable Mr. Balendra Shah, Prime Minister of the Federal Democratic Republic of Nepal
(26-5-2026, Kathmandu)
H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar, along with other Ambassadors accredited to Nepal paid a joint courtesy call on the Right Honourable Mr. Balendra Shah, Prime Minister of the Federal Democratic Republic of Nepal at the Office of the Prime Minister and Council of Ministers, Singhadurbar on 26 May 2026 at 1130 hrs.
During the meeting, Myanmar Ambassador extended warm greetings and congratulations to the Right Honourable Prime Minister Mr. Balendra Shah on his assumption of his responsibilities as Prime Minister of Nepal, on behalf of Myanmar Government and its peoples and highlighted the existing friendly relations between Myanmar and Nepal based on mutual respect, trust, culture and people-to-people relations. The Ambassador also briefed the recent developments in Myanmar.
The joint call was attended by the Honourable Foreign Minister Mr. Shisir Khanal, Foreign Secretary H.E. Mr. Amrit Bahadur Rai and Senior officials from the Ministry of Foreign Affairs and resident Ambassadors in Kathmandu, as well as Non-resident Ambassadors of EU member countries in New Delhi.
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား ဂါရဝပြုတွေ့ဆုံခြင်း
(၂၆-၅-၂၀၂၆ ရက်နေ့၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် နီပေါနိုင်ငံဆိုင်ရာ အခြားနိုင်ငံသံအမတ် ကြီးများနှင့်အတူ နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့၊ ၁၁၃၀ နာရီတွင် နီပေါနိုင်ငံ၊ ဝန်ကြီးချုပ်ရုံး၌ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများကိုယ်စား ဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည့်အပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူ အချင်းချင်း ဆက်ဆံရေးတို့အပေါ် အခြေခံသည့်ဆက်ဆံရေးတို့ကို အလေးပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ နီပေါနိုင်ငံခြားရေးဝန်ကြီး Honourable Mr. Shisir Khanal၊ နိုင်ငံခြားရေး အတွင်းဝန် (ဒုတိယဝန်ကြီး) H.E. Mr. Amrit Bahadur Rai နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ကတ္တမန္ဒူးမြို့အခြေစိုက် နီပေါနိုင်ငံဆိုင်ရာနိုင်ငံခြားသံအမတ်ကြီးများနှင့် နယူးဒေလီမြို့အခြေ စိုက် နီပေါနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
Nay Pyi Taw Time
Kathmandu Time
Holiday for Months
29 July 2026
Full Moon Day of Waso (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
