မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း ကျင်းပပြုလုပ်ခဲ့ခြင်း

(၂၆-၄-၂၀၂၆ ရက်၊ ကတ္တမန္ဒူး)

မြန်မာနှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်နာကြားခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်၊ နံနက် ၁၀၀၀ နာရီတွင် ကတ္တမန္ဒူးမြို့၊ မြန်မာသံအမတ်ကြီးနေအိမ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကတ္တမန္ဒူးမြို့ရှိ ရတနာဝိပဿနာကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဦးသုဇနပ္ပိယ ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တော်နာယူခြင်းများဆောင်ရွက်ခဲ့ကြပြီး မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ မြန်မာသံရုံး ဝန်ထမ်း မိသားစုများက ဆရာတော်ထံ နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကာ ရေစက်ချအမျှပေးဝေခဲ့ကြကြောင်း သိရှိရပါသည်။

Myanmar New Year Paritta Suttas Recitation Ceremony Held in Kathmandu

(26-4-2026, Kathmandu)

The Myanmar New Year Paritta Suttas recitation ceremony was held at the Residence of H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar at 1000 am on 26 April 2026.
Venerable Sayataw Agga Maha Saddhammajotikadhaja Baddanta Sujana Piya, the Myanmar residing monk of Ratna Vipassana Vihar Buddhist monastery in Kathmandu graced the ceremony. The ceremony was inaugurated with the three times recitation of Namotasa. Then, the congregation led by the Ambassador received five precepts and Paritta Suttas reciting from the Sayataw.
Ambassador U Thant Sin, Embassy staff and their family members offered alms bowl and donated other offertories to the Sayadaw. The ceremony was concluded after sharing the merits gained.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

1 May 2026
Labour Day (Myanmar)
Buddha Jayanti Day (Nepal)

29 May 2026
Republic Day (Nepal)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776