နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် (၇၀)နှစ်မြောက် တရုတ်-နီပေါ သံတမန် ဆက်ဆံရေး ထူထောင်သည့်အထိမ်းအမှတ်နှင့် ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနား တက်ရောက်

(၂၄-၁-၂၀၂၅ ရက်၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် (၇၀)နှစ်မြောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို နီပေါနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Song က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင် ကတ္တမန္ဒူးမြို့ရှိ Hotel Yak & Yeti ၌ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး နီပေါလွှတ်တော်ဥက္ကဋ္ဌ Speaker Devraj Ghimire ၊ နီပေါအစိုးရအဖွဲ့မှဝန်ကြီးများ၊ နီပေါ ကာကွယ်ရေးဦးစီးချုပ်နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နီပေါနိုင်ငံအခြေစိုက် သံရုံးအကြီးအကဲများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ စုစုပေါင်း အင်အား (၄၀၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။
ယခုနှစ်တွင် နီပေါနှင့် တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာရေးကဏ္ဍ၊ စွမ်းအင်နှင့် စိုက်ပျိုးရေးအပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန်နှင့် တရုတ်ခရီးသွားများ နီပေါနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်စေရန် ရည်ရွယ်ကာ “၂၀၂၅ ခုနှစ် နီပေါ ခရီးသွားနိုင်ငံနှစ်” (Nepal Visit Year 2025) နှင့် “၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူး” (Chinese New Year 2025) အဖြစ် ကြေညာခဲ့ကြောင်း သိရှိရပါသည်။

His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attends the celebrations for the 70th Anniversary of the Establishment of Diplomatic Relations between China and Nepal, the 2025 Chinese New Year

(24-1-2025, Kathmandu)

His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attended the celebrations for the 70th Anniversary of the Establishment of Diplomatic Relations between China and Nepal and the 2025 Chinese New Year.
The celebration was organized by His Excellency, Mr. Chen Song, Ambassador of the People’s Republic of China to Nepal at Hotel Yak & Yeti on 23rd January 2025 and was presented by the 400 attendees including the Speaker Devraj Ghimire, Ministers from respective Ministries, Nepal Chief of Army Staff, official from Nepal Government, heads of mission, representatives from UN agencies and other invited guests.
The year 2025 was jointly announced as “Nepal Visit Year 2025” and the “Chinese New Year 2025” aiming to collaboration in tourism, energy and agriculture sectors, to contributing to strengthening the bilateral ties, to encouraging Chinese visitors to visit Nepal.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)