နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် ရုရှားနိုင်ငံအမျိုးသားနေ့အခမ်းအနား နှင့် ကတ္တမန္ဒူးတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်အခမ်းအနားများသို့တက်ရောက်

(၁၃-၆-၂၀၂၅ ရက်နေ့၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ ညနေ ၁၈၀၀ နာရီတွင်၊ Dusit Princess Kathmandu Hotel တွင် နီပေါနိုင်ငံအခြေစိုက် ရုရှားသံရုံးက ကျင်းပသည့် ရုရှားနိုင်ငံအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးသည် သံတမန်များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးများ၊ မြန်မာနိုင်ငံ လတ်တလောအခြေအနေနှင့် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်အစီအစဉ်တို့အား ရှင်းလင်းပြောကြားခဲ့ပါသည်။
ရုရှားအမျိုးသားနေ့သည် ၁၉၉၀ ပြည့်နှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ရုရှားနိုင်ငံအား ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ကာ သီးခြားရပ်တည်နိုင်ရန်အတွက် Declaration of State Sovereignty of Russia ကို ကြေညာခဲ့ခြင်းကို ဂုဏ်ပြုသောအားဖြင့် ကျင်းပသည့် အထိမ်းအမှတ်နေ့ ဖြစ်ပါသည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုကြီး တရားဝင် ပြိုကွဲသွားခဲ့ပြီးနောက် ရုရှား ဖက်ဒရေးရှင်းသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ရပ်တည်လာခဲ့ခြင်း ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ် မှ စတင်၍ “Russia Day” အဖြစ် တရားဝင်ခေါ်ဝေါ်လာခဲ့ပြီး၊ ရုရှားနိုင်ငံ၏ အမျိုးသားနေ့အဖြစ် ကျင်းပခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးနေ့နှင့် အလားသဏ္ဍာန်တူညီပြီး ဆိုဗီယက် ခေတ်အလွန် ခေတ်မီသော ရုရှားနိုင်ငံ မွေးဖွားလာခြင်း၊ ဒီမိုကရေစီ နည်းလမ်းတကျ ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ခြင်းနှင့် နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် ညီညွတ်မှုတို့၏ ပြယုဂ်အဖြစ် သတ်မှတ် ကျင်းပခြင်း ဖြစ်ပါသည်။
မြန်မာသံအမတ်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၁၁၀၀ နာရီတွင် ကတ္တမန္ဒူး တက္ကသိုလ် ပရဝုဏ်တွင် ကျင်းပသည့် အကြိမ် (၃၀) မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား (Second Phase) ကို တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို တက္ကသိုလ်၏ အဓိပတိဖြစ်သည့် နီပေါ ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီက ဦးဆောင် ကျင်းပခဲ့ပါသည်။ ကတ္တမန္ဒူးတက္ကသိုလ် သည် နီပေါနိုင်ငံ ပါလီမန် အက်ဥပဒေအရ ၁၉၉၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံ၏ တတိယမြောက် သက်တမ်း အကြာမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အများပြည်သူပိုင် တက္ကသိုလ် တစ်ခုဖြစ်ပါသည်။
ကိုယ်ပိုင်ရံပုံငွေဖြင့် တည်ထောင်လည်ပတ်ပြီး အကျိုးအမြတ်မယူသော အဖွဲ့အစည်းအဖြစ် ရပ်တည်ကာ၊ အရည်အသွေးရှိသည့် ပညာရေးကို ဖန်တီးနိုင်ရန် “ခေါင်းဆောင်ကောင်းများအတွက် အရည်အသွေးမြင့်ပညာရေး” ဆောင်ပုဒ်အား လက်ကိုင်ထားခြင်း ဖြစ်ပါသည်။
၁၉၉၂ ခုနှစ်တွင် အလယ်တန်းအဆင့် ပညာရေးအစီအစဉ်များဖြင့် စတင်လာခဲ့ပြီး၊ ယခုအခါ ဝိဇ္ဇာဘာသာရပ်များ၊ ပညာရေး၊ အင်ဂျင်နီယာ၊ ဥပဒေ၊ စီမံခန့်ခွဲမှု၊ ဆေးသိပ္ပံနှင့် သိပ္ပံ ဘာသာရပ်များကို သင်ကြားပေးနေခြင်းဖြစ်ပါသည်။ လက်ရှိတွင် ကတ္တမန္ဒူးတက္ကသိုလ်သည် ပြည့်ဖြိုးမြဲစွမ်းအင်၊ ပြည်သူ့ ကျန်းမာရေး၊ ဇီဝနည်းပညာ နှင့် ဉာဏ်ရည် တုနည်းပညာ ကဏ္ဍများတွင် သုတေသနနှင့် တီထွင် စမ်းသပ်မှုများကို အထူးအလေးပေးလုပ် ဆောင် လျက်ရှိပါသည်။

Myanmar Ambassador to Nepal attends Russia National Day (Russia Day) and Convocation of Kathmandu University

(13-6-2025, Kathmandu)

His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal, attended Russia National Day (Russia Day) hosted by the Russian Embassy in Kathmandu. The reception was held at Dusit Princess Kathmandu Hotel at 1800 pm on June 10, 2025. Myanmar Ambassador friendly discussed bilateral relations and updated on the current situation in Myanmar. Ambassador also outlined the upcoming General Election in Myanmar with the diplomats and representatives of the International Organizations at the reception.
Russia National Day originated from the “Declaration of State Sovereignty of Russia” from the Soviet Union on June 12, 1990. After the official dissolution of Soviet Union in 1991, Russia Federation emerged as an independent country. The ceremony is officially termed as “Russia Day” since 2002, and celebrated as the National Day of Russia. Equally symbolic as Independence Day, Russia Day symbolizes the birth of modern, post-Soviet Russia; the beginning of democratic reforms; and a symbol of national pride and unity.
Ambassador also attended the 30th Convocation ceremony (Second Phase) of Kathmandu University at 1000 am on June 13, 2025. The ceremony was chaired by Rt. Honorable Mr. KP Sharma Oli, Prime Minister of Nepal and Chancellor of Kathmandu University. Kathmandu University is established in 1991, under the Act of Parliament of Nepal. It is Nepal’s third oldest autonomous public university which is a self-funded and non-profit institution prioritizing quality education and leadership upholding the motto: “Quality Education for Leadership”.
Kathmandu University began with intermediate-level programs in 1992,and expanded its comprehensive academic programmes comprising seven schools covering Arts, Education, Engineering, Law, Management, Medical Sciences and Science. In recent years, Kathmandu University has been actively promoting research and innovation in areas concerning renewable energy, public health, biotechnology, and artificial intelligence.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776