နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကာတာအမျိုးသားနေ့နှင့် ကာတာနိုင်ငံထူထောင်သူ Shaikh Jassim Bin Mohammed Al – Thani အား ဂုဏ်ပြုသည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
(၁၂-၁၂-၂၀၂၄ ရက်နေ့၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် ကတ္တမန္ဒူးမြို့ရှိ Soaltee Hotel ၌ ကျင်းပပြုလုပ်ခဲ့သည့် ကာတာအမျိုးသားနေ့နှင့် ကာတာ နိုင်ငံထူထောင်သူ Shaikh Jassim Bin Mohammed Al – Thani အား ဂုဏ်ပြုသည့်အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယသမ္မတ ရမ်ဆာဟေးပရာဆက်ရာဒတ်ဗ် အပါအဝင် နီပေါအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကတ္တမန္ဒူးမြို့ အခြေစိုက် သံရုံးအကြီးအကဲများလည်း တက်ရောက်ခဲ့ကြပါသည်။
သံအမတ်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် နီပေါနိုင်ငံ၊ ဝန်ကြီးများရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၆)နှစ်မြောက် လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Bishnu Prasad Paudel နှင့် လွှတ်တော်ဥက္ကဋ္ဌ Devraj Ghimire ၊ နီပေါအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ကတ္တမန္ဒူးမြို့အခြေစိုက် သံရုံးအကြီးအကဲများ နှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါ သည်။
His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attends on the occasion of the National Day of the State of Qatar and the commemoration of Shaikh Jassim Bin Mohammed Al- Thani, the founder of the State of Qatar
(12-12-2024, Kathmandu)
His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attended on the occasion of the National Day of the State of Qatar and the commemoration of Shaikh Jassim Bin Mohammed Al-Thani, the founder of the State of Qatar at the Soaltee Kathmandu on 11th December 2024. The ceremony was graced by the Right Hon’ble Vice-President Ramsahay Prasad Yadav, Nepal Officials and the heads of missions in Kathmandu.
Myanmar Ambassador along with the Hon’ble Deputy Prime Minister and Finance Minister Mr. Bishnu Prasad Paudel and Speaker Devraj Ghimire, officials from Nepal Government and heads of missions in Kathmandu presented on the occasion of the 76th International Human Rights Day which was held at the Office of the Prime Minister and Council of Ministers on the 10th December 2024.
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)