နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် Gyanodara Bal Batika ကျောင်း၏ ရွှေရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်
(၁၆-၃-၂၀၂၅ ရက်နေ့၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် Lalitpur မြို့တွင် တည်ရှိသည့် Gyanodara Bal Batika အထက်တန်းကျောင်း၏ တည်ထောင်သူကျောင်းအုပ်ကြီး Mrs. Indra Yakthumba၏ ဖိတ်ကြားချက်အရ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကျောင်း၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် အဓိကဧည့်သည်တော်အဖြစ် ယခင် သမ္မတဟောင်း Mrs. Bidya Devi Bhandari၊ Lalitpur မြို့တော်ဝန်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောင်း အကျိုးတော်ဆောင် များ၊ ကျောင်းသားဟောင်းများ နှင့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက ဂုဏ်ပြုမိန့်ခွန်း ပြောကြားရာ၌ ကျောင်း၏ နှစ် (၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ တက်ရောက်ခွင့်ရ၍ ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ ကျောင်းတွင် မြန်မာနိုင်ငံသား ကျောင်းသားများလည်း တက်ရောက်နေကြောင်း သိရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ ကျောင်းသား/ သူများအနေဖြင့် ကျောင်းတော်ကြီးမှ သင်ကြားလိုက်သည့် ပညာရပ်များကို မိမိတို့အနာဂတ်အတွက် ကောင်းမွန်စွာ အသုံးချပြီး မိမိပတ်ဝန်းကျင်ကို ကောင်းစွာအကျိုးပြုနိုင်ရန် ဆုမွန်ကောင်းတောင်းအပ် ပါကြောင်း ပြောကြားခဲ့ပါသည်။
အခမ်းအနားအပြီးတွင် သံအမတ်ကြီးသည် ကျောင်းတွင် ပညာသင်ယူနေသည့် မြန်မာ ကျောင်းသား/ကျောင်းသူများကို တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။
His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attends the Golden Jubilee of Gyanodara Bal Batika School
(16-3-2025, Kathmandu)
His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal attended the 50th Anniversary Golden Jubilee of Gyanodara Bal Batika School upon the invitation of the Founder Principal of Gyanodara School, Mrs. Indra Yakthumba. The ceremony was held on 16th March 2025 at the School campus of Gyanodara Bal Batika School, Lalitpur.
The ceremony was attended by former President Mrs. Bidya Devi Bhandari as the Chief Guest, Mayor of Lalitpur Metropolitan city, officials from Education Department, School Committee members, Alumni and invited guests. Myanmar Ambassador delivered congratulatory speech expressing the gratitude to be invited to attend the Golden Jubilee; the pleasure to learn about the Myanmar students studying in Gyanodara School; the wishes for the students to continue the legacy of Gyanodara School by serving the communities with the wisdom and knowledge the School has nurtured.
After the ceremony, the Ambassador met with Myanmar boarding students in Gyanodara Bal Batika School.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776
+977 1 5592842
+977 1 5592773
+977 1 5592776
