နီပေါနိုင်ငံ၌ကျင်းပသည့် လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ မြန်မာအသင်း ချန်ပီယံဆု ဆွတ်ခူး၊ မြန်မာသံရုံး (ကတ္တမန္ဒူး) မှ ဝန်ထမ်းများနှင့် မိသားစုများ ပွဲစဉ်တစ်လျှောက် အားပေး ကြည့်ရှု

 (၂၇-၂-၂၀၂၅ ရက်၊ ကတ္တမန္ဒူး)
 
မြန်မာသံရုံး(ကတ္တမန္ဒူး) မှ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် သံရုံးဝန်ထမ်းမိသားစုများသည် နီပေါနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့ကြသည့် မြန်မာအမျိုးသမီး လက်ရွေးစင်အသင်း၏ ပွဲစဉ်အားလုံးကို အားပေးကြည့်ရှုခဲ့ကြသည်။ မြန်မာဘောလုံးအသင်းသည် အုပ်စု ပွဲစဉ်များအဖြစ် လက်ဘနွန် အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ကာဂျစ်စတန် အသင်းကို ၅ ဂိုးပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိခဲ့ပြီး အိမ်ရှင် နီပေါအသင်းကို ၂ ဂိုးစီ သရေရလဒ် ရရှိခဲ့သည်။ အုပ်စုပွဲစဉ်များတွင် အမှတ်အများဆုံးရရှိခဲ့သည့် မြန်မာအသင်းနှင့် ဒုတိယအမှတ်အများဆုံး ရရှိခဲ့သည့် အိမ်ရှင် နီပေါအသင်းတို့၏ ဗိုလ်လုပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ (၆) နာရီတွင် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ ပရိတ်သတ် (၁၅၀၀၀) ဆန့် Dashrath Stadium အားကစားကွင်း၌ ကျင်းပခဲ့ရာ အားကစားကိုချစ်မြတ်နိုးသည့် နီပေါ ပြည်သူ များက ကွင်းလုံးပြည့် လာရောက်အားပေးခဲ့ကြပြီး မြန်မာအသင်းက အိမ်ရှင်နီပေါအသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဖလား ကို ဆွတ်ခူးနိုင်ခဲ့သည်။
ဗိုလ်လုပွဲအပြီးတွင် သံအမတ်ကြီးက လာရောက်ကြည့်ရှုအားပေးပြီး ဆုများချီးမြှင့်ခဲ့သည့် နီပေါနိုင်ငံ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး၊ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဦးစီးကျင်းပ ပြုလုပ်ခဲ့ သည့် All Nepal Football Association (ANFA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဖြစ်မြောက်ရေးကို ကူညီ ဆောင်ရွက်ပေးခဲ့သည့် နီပေါနိုင်ငံ National Sports Council အပါအဝင် အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများအား လိုက်လံနှုတ်ဆက်ပြီး ပြိုင်ပွဲသို့ မြန်မာနိုင်ငံကို ဖိတ်ခေါ်ကမ်းလှမ်း ခဲ့မှု၊ ပွဲစဉ်တစ်လျှောက် အဆင်ပြေချောမွေ့စေရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နီပေါပြည်သူများ၏ အားကစားချစ်စိတ်ဖြင့် ကွင်းလုံးပြည့်လာရောက်အားပေးမှုတို့အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် အမှတ်တရ ဖြစ်ရပါကြောင်း ပြောကြားခဲ့ပါသည်။
သံအမတ်ကြီးသည် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် နီပေါနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် National Democracy Day နှင့် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် (၂၆၂) နှစ်မြောက် နီပေါနိုင်ငံ တပ်မတော် ထူထောင်သည့် အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် Maha Shivaratri and Army Day အထိမ်းအမှတ် အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားများသို့ နီပေါနိုင်ငံ သမ္မတ၊ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးများ၊ နီပေါတပ်မတော်ဦးစီးချုပ်၊ နီပေါ အစိုးရအဖွဲ့နှင့် နီပေါတပ်မတော်မှ တာဝန်ရှိသူများ၊ နီပေါနိုင်ငံအခြေစိုက် သံတမန် အကြီးအကဲများ နှင့် ကိုယ်စားလှယ်များ၊ နီပေါနိုင်ငံအခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
 
*******************************
 
Myanmar Women’s National Football Team won International Women’s Championship Trophy: Myanmar Embassy (Kathmandu) Staffs and family members cheers throughout the tournament 
 
(27-2-2025, Kathmandu)
 
Myanmar Ambassador to Nepal, U Myo Myint Maung, along with embassy staff and their families attended and cheered for the Myanmar National Women’s Football Team in all their matches held in February 2025, Kathmandu. In the group stage matches, Myanmar defeated Lebanon by (3-1); Kyrgyzstan by (5-0) and host Nepal by (2-2) results. Myanmar and Nepal, as the first and second highest point holders in their groups, faced at the final match at 1800 hr (Local time) on 26 February 2025. The final match took place at DASARATH STADIUM, which has a seating capacity of 15,000 spectators,and the Nepal football enthusiasts filled the stadium in support of the match. Myanmar defeated Nepal with (2-0) result and won the International Women’s Championship Trophy. 
After the match, Myanmar Ambassador greeted the honorary guests and awarders of the final match, the Minister of Youth and Sports of Nepal; the President and officials of All Nepal Football Association (ANFA) which serves as the main organizer of the tournament; and National Sports Council and officials from various organizations. Ambassador conveyed profound appreciation for inviting Myanmar Football Team to participate in the tournament and the smooth and well-organized arrangements throughout the event. Gratitude was also expressed for the passionate love for football and resounding show of support from the people of Nepal.
Ambassador attended the National Democracy Day on 19 February and Maha Shivaratri and Army Day celebrated in commemoration of the 262nd Anniversary of the establishment of the Nepali Army on 26th February. The events were attended by the President, Vice President, Prime Minister, Cabinet Members, Nepali Chief of Army Staff and High Ranking officials of Nepali Army, Head of Diplomatic Missions in Nepal, Military Attaché and representatives from Military Missions in Nepal and invited guest from Non-governmental organizations.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776