နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား လုမ္ဗိနီဥယျာဉ်ရှိ မြန်မာရွှေကျောင်းတော်ကြီး၊ ကျောင်းထိုင် ဆရာတော်ထံ ဆက်ကပ်လှူဒါန်း

(၂၃-၂-၂၀၂၆ ရက်၊ လုမ္ဗိနီ)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် မြန်မာ-ရိုမန် အက္ခရာနှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကသုံးပုံ ပါဠိတော်ကျမ်းစာအုပ်များအား ၂၂-၂-၂၀၂၆ ရက်၊ နံနက် ၁၀၃၀ နာရီတွင် နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ရှိ မြန်မာရွှေကျောင်းတော်ကြီးတွင် သီတင်းသုံးလျက်ရှိသည့် ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသုဇနိတနှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတ တို့ထံ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများသည် ဆရာတော်တို့ထံ သစ်သီးနှင့် လှူဖွယ်ပစ္စည်းများလည်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် မြန်မာသံအမတ်ကြီးသည် ၂၃-၂-၂၀၂၆ ရက်၊ နံနက် ၀၉၃၀ နာရီတွင် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ဝင် အတွင်းရေးမှူး Er. Deepak Shrestha နှင့် အကြီးတန်းညွှန်ကြားရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Mr. Gyanin Rai တို့နှင့် လုမ္ဗိနီဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ရုံး၌ တွေ့ဆုံ၍ မြန်မာရွှေကျောင်းတော်ကြီးဖွံ့ဖြိုး တိုးတက်ရေးနှင့် လုမ္ဗိနီသာသနနယ်မြေအတွင်း မြန်မာဘုရားဖူးများ အဆင်ပြေချောမွေ့စွာ ဘုရားဖူးမျှော် နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး၊ လုမ္ဗိနီဥယာဉ်အတွင်းသို့ လှည့်လည်ကြည့်ရှု လေ့လာခဲ့ပါကြောင်း သိရှိရပါသည်။

******************

Myanmar Ambassador Donates Tipitaka Scriptures in Myanmar and Roman Scripts to Head of Myanmar Golden Temple

(23-2-2026, Lumbini)

H.E. U Thant Sin, Myanmar Ambassador to Nepal donated a full set of Sixth Buddhist Council Edition Tipitaka scriptures in both Myanmar and Roman scripts to Venerable Sayartaw Agga Maha Saddhammajotikadhaja Baddanta Suzanita and Sayartaw Maha Saddhammajotikadhaja Baddanta Pandita residing at Myanmar Golden Temple, Lumbini at 1030 am on 22 February 2026. The scriptures were originally donated by the Acting President, Chairman of the State Security and Peace Commission, Commander-in-Chief of Defence Service, Senior General Min Aung Hlaing and his spouse Daw Kyu Kyu Hla. During the donation ceremony, Ambassador and the Embassy staff also respectfully donated fruits and offerings to the Venerables.
After that, Myanmar Ambassador met with Member Secretary Er. Deepak Shrestha and Senior Director and Spokesperson Gyanin Rai of the Lumbini Development Trust under the Ministry of Culture, Tourism and Civil Aviation of Nepal at the office of the Lumbini Development Trust in Lumbini at 09:30 am on 23 February 2026. During the meeting, they discussed matters on further development of Myanmar Golden Temple and facilitating religious tourism for Myanmar pilgrims in the Lumbini Monastic Zone, and conducted a study tour around the Lumbini Garden.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776