မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယက ဥက္ကဋ္ဌတင်မြှောက်ပွဲ အခမ်းအနား တက်ရောက်ခြင်း

(၁၃-၁-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၀၁၀၀ နာရီအချိန်တွင် ကတ္တမန္ဒူးမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော နီပေါနိုင်ငံ၏ အဋ္ဌမမြောက် မြောက် သံဃာ့နာယကဥက္ကဋ္ဌ တင်မြှောက်ပူဇော်သည့်အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် အဓိကဧည့်သည်တော်အဖြစ် ပညာရေးနှင့် သိပ္ပံနည်းပညာဝန်ကြီး Honorable Mr. Mahabir Pun က မိန့်ခွန်းပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးက အထူးဧည့်သည်တော်အဖြစ် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ရာတွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် Bhikkhu Bodhisen Mahasthavir အား နီပေါနိုင်ငံ၏ အဋ္ဌမမြောက် သံဃာ့နာယကဥက္ကဋ္ဌအဖြစ် တင်မြှောက်ပူဇော်ခံရခြင်း အတွက် ဝမ်းမြောက်ဂုဏ်ယူပူဇော်ပါကြောင်း နှင့် သံဃာ့နာယကဥက္ကဋ္ဌဆရာတော်အဖြစ် ကြီးလေးသော တာဝန်ကို ထမ်းဆောင်ပြီး သာသနာ့အကျိုး ဆထက်သယ်ပိုးနိုင်ပါစေကြောင်း စသည်ဖြင့် ထည့်သွင်း လျှောက်ထားခဲ့ပါသည်။
အခမ်းအနားသို့ ဖိတ်ကြားထားသည့် သံဃာတော်များ၊ အစိုးရအဖွဲ့ဝင်များ၊ သံရုံးကိုယ်စားလှယ်များ၊ ဗုဒ္ဓဘာသာဝင် ဧည့်ပရိတ်သတ်များ စုစုပေါင်း (၅၀၀) ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။

********************************************************

Ambassador U Thant Sin attends Sanghanayaka Felicitation Ceremony

(13-1-2026, Kathmandu)

H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to Nepal attended the Sanghnayaka Felicitation Ceremony of the conferment of the 8th Chairman of Sanghanayaka of Nepal as a special guest on 13 January 2026 at 0100 pm at Kathmandu City Hall.
The Ceremony was presided over by the Minister for Education, Science and Technology of Nepal, Honorable Mr. Mahabir Pun as the chief guest.
Ambassador U Thant Sin, in his speech, congratulated the Most Venerable Maha-saddhamma-jotikadhaja Bhikkhu Bodhisen Mahasthavir on the conferment, and offered his respectful best wishes for the Venerable Chairman, to fulfill the responsibilities and contribute to the continued advancement of the Buddhist Sasana.
The Ceremony was attended by approximately 500 participants, including members of the Sangha, government officials, diplomatic corps, and Buddhist devotees.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776