သံအမတ်ကြီး ဦးသန့်စင် နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် နိုင်ငံခြားရေး ဒုတိယဝန်ကြီးတို့ အား သီးခြားစီ သွားရောက်ဂါရဝပြုတွေ့ဆုံ

(၂၄-၁၂-၂၀၂၅၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁၀၀ နာရီအချိန်တွင် နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ လည်းကောင်း၊ နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ယင်းနေ့ မွန်းလွဲ ၀၂၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌လည်းကောင်း သီးခြားစီ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ-နီပေါနှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးနှင့် တိုက်ရိုက် လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
တွေ့ဆုံမှုအပြီးတွင် သံအမတ်ကြီးက နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံခြားရေး ဒုတိယ ဝန်ကြီးတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

******************

Ambassador U Thant Sin pays courtesy calls on Chief of Army Staff of Nepali Army and Foreign Secretary, respectively

(24-12-2025, Kathmandu)

H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar paid courtesy calls on His Excellency General Ashok Raj Sigdel, Chief of the Army Staff of Nepali Army at the Nepal Army Headquarters on 23 December 2025 at 1100 hrs and, His Excellency Mr. Amrit Bahadur Rai, Foreign Secretary of the Ministry of Foreign Affairs of Nepal at 1400 hrs, respectively.
During the discussions, Ambassador briefed on the current developments in Myanmar and the preparation process of the upcoming General Elections in Myanmar. Both sides shared views on the existing bilateral relations between the two countries including tourism promotion and the prospect of re-establishing direct air link between Myanmar and Nepal.
The Ambassador presented commemorative gifts as a gesture of goodwill to the Chief of Army Staff and the Foreign Secretary.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776