မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာ ဌာနအကြီးအကဲ Joint Secretary အား သွားရောက်တွေ့ဆုံ
(၂၈-၁၁-၂၀၂၅၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁၃၀ နာရီအချိန်တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှနှင့် ပစိဖိတ်ရေးရာဌာန အကြီးအကဲ Joint Secretary Mr. Prakash Adhikari အား နိုင်ငံခြားရေးဝန်ကြီးဌာန၌ သွားရောက် တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ-နီပေါနှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေးနှင့် တိုက်ရိုက်လေကြောင်း လိုင်း ပြန်လည်ပြေးဆွဲနိုင်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရပါသည်။
Ambassador U Thant Sin pays a courtesy call on Joint Secretary of Nepal MOFA
(28-11-2025, Kathmandu)
H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar paid a courtesy call on His Excellency Mr. Prakash Adhikari, Joint Secretary of Southeast Asia and the Pacific Division of the Ministry of Foreign Affairs of Nepal on 28 November 2025 at 11:30 hr.
During the discussion, Ambassador briefed on the current developments in Myanmar and the preparation process of the upcoming General Elections in Myanmar. Both sides shared views on the existing bilateral relations between the two countries including tourism promotion and the prospect of re-establishing direct flight between Myanmar and Nepal.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
