နီပေါနိုင်ငံခြားရေးဝန်ကြီးအား မြန်မာသံအမတ်ကြီးမှ နှုတ်ဆက်ဂါရဝပြုတွေ့ဆုံ
(၃-၉-၂၀၂၅၊ ကတ္တမန္ဒူး)
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၃-၉-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၄၃၀ နာရီအချိန်တွင် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူ ရာနာ ဒယ်ဘ အား ဝန်ကြီး၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ နှုတ်ဆက်ဂါရဝပြုခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ကောင်းမွန်မှုရှိသော ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်မှု အခြေ အနေများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
သံအမတ်ကြီးသည် နီပေါနိုင်ငံအခြေစိုက် သံတမန်အသိုက်အဝန်းမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများအား တွေ့ဆုံနှုတ်ဆက်လျက်ရှိရာ ၁-၉-၂၀၂၅ ရက်နေ့တွင် အိန္ဒိယသံအမတ်ကြီး၊ ၂-၉-၂၀၂၅ ရက်နေ့တွင် ရုရှားသံအမတ်ကြီးနှင့် ထိုင်းသံအမတ်ကြီးတို့အား သက်ဆိုင်ရာ သံရုံးများသို့ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
ထို့အပြင် သံအမတ်ကြီးသည် ၁-၉-၂၀၂၅ ရက်နေ့တွင်၊ Lumbini Development Trust (LDT) ၏ ဒုတိယဥက္ကဋ္ဌ Dr. Lharkyal Lama (Khenpo Chimed) နှင့် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံး၊ သံရုံးယာယီတာဝန်ခံတို့အား နှုတ်ဆက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
*************************************************************
Myanmar Ambassador pays a Farewell Courtesy Call on the Foreign Minister of Nepal
(3-9-2025, Kathmandu)
The Ambassador of the Republic of the Union of Myanmar to Nepal, H.E. U Myo Myint Maung, who is soon completing his diplomatic tenure in Nepal, paid a farewell courtesy call on the Minister of Foreign Affairs of Nepal, H.E. Dr. Arzu Rana Deuba, on 3 September 2025 at 1430 hrs at the Minister’s Office in Kathmandu.
During the meeting, both sides exchanged views on further enhancing the friendly and cooperative relations between Myanmar and Nepal, as well as on strengthening regional collaboration and mutual engagement in areas of common interest.
As part of the farewell engagements, H.E. U Myo Myint Maung has been meeting with heads of diplomatic missions and senior officials in Kathmandu. On 1 September 2025, the Ambassador called on the Ambassador of India and the Chargé d’Affaires of the Embassy of Sri Lanka. On 2 September 2025, the Ambassador held separate farewell meetings with the Ambassadors of the Russian Federation and Thailand at their respective embassies. The Ambassador also paid a courtesy call on the Vice Chairman of the Lumbini Development Trust (LDT).
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
