(၇၀) နှစ်မြောက် နီပေါ-တရုတ်သံတမန်ဆက်ဆံရေး အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်
(၁-၈-၂၀၂၅၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ဩဂုတ်လ ၁ ရက်နေ့တွင် ကတ္တ မန္ဒူးမြို့၌ ကျင်းပသည့် (၇၀) နှစ်မြောက် နီပေါ-တရုတ် သံတမန်ဆက်ဆံရေး အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် နီပေါနိုင်ငံဝန်ကြီးချုပ် ကေပီရှာမာ အိုလီ က အဓိက ဧည့်သည်တော် အဖြစ် တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ယခင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူများ ဖြစ်သည့် Sher Bahadur Deuba Pushpa၊ Kamal Dahal ‘Prachanda’၊ Dr. Baburam Bhattarai နှင့် Jhala Nath Khanal ကဲ့သို့ နိုင်ငံရေး ဩဇာကြီးမားသူများနှင့် နီပေါနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
နှစ် (၇၀) ပြည့် နီပေါ-တရုတ် သံတမန်ဆက်ဆံမှုထူထောင်သည့် အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနှင့် နိုင်ငံခြားရေးဝန်ကြီးများအကြား အပြန် အလှန် ဂုဏ်ယူဝမ်းမြောက်ကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ နီပေါနိုင်ငံ သမ္မတမှ ပေးပို့သော သဝဏ်လွှာတွင် နီပေါ-တရုတ် နှစ်နိုင်ငံအကြား “အပြန်အလှန်ယုံကြည်မှု၊ ညီမျှသော အချုပ်အခြာအာဏာပိုင်ဆိုင်မှု နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများအပေါ် အခြေခံ၍ ကာလရှည်ကြာတည်မြဲလာသည့် ဆက်ဆံရေး” ကို အလေးပေးဖော်ပြထားပြီး၊ တရုတ်နိုင်ငံနှင့် ပိုမိနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည့်သန္နိဋ္ဌာန်ကို ထည့်သွင်းပေးပို့ခဲ့သည်ဟု သိရှိရ ပါသည်။
Myanmar Ambassador attends the 70th Anniversary of the establishment of Nepal-China Diplomatic relations
(1-8-2025၊ Kathmandu)
Myanmar Ambassador to Nepal, H.E. U Myo Myint Maung, attended the ceremony commemorating the 70th Anniversary of diplomatic relations between Nepal and China, held on August 1 in Kathmandu.
The event was graced by Prime Minister of Nepal, Rt’ Honorable K.P. Sharma Oli, who participated as the Chief Guest. Prominent political figures including former Prime Ministers Sher Bahadur Deuba Pushpa၊ Kamal Dahal ‘Prachanda’၊ Dr. Baburam Bhattarai and Jhala Nath Khanal were also present, underscoring the significance of the long-standing bilateral relationship.
In addition, the ceremony was attended by ambassadors, diplomats representing foreign missions in Nepal, and representatives from international organizations stationed in Nepal.
As part of the anniversary celebrations, messages of felicitations and goodwill were exchanged between the heads of state, government leaders, and foreign ministers of both countries.
In the formal message sent by President of Nepal to President of China, the time-tested strong Nepal-China relations were praised for being grounded on mutual trust, sovereign equality, and peaceful coexistence. The President further affirmed Nepal’s commitment to strengthening its collaboration with China across all sectors.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
