(၁၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၁၁-၁၀-၂၀၂၄ ရက်၊ ဗီယင်ကျန်း)

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ၁၁-၁၀-၂၀၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၁၄) ကြိမ်မြောက် အာဆီယံ-ကုလ သမဂ္ဂထိပ်သီးအစည်းအဝေး၊ (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲအခမ်းအနား များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အာဆီယံအတွင်း ရေးမှူးချုပ်၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့သည်။
(၁၉)ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုများအား ပြန်လည်သုံးသပ်ခြင်း၊ အနာဂတ်ရည်မှန်းချက်များနှင့် ပတ်သက်၍ လည်းကောင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ အာဆီယံ-အမေရိကန်နှင့် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေးတို့တွင် လက်ရှိအကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်အသီးသီးရှိ စီမံကိန်းများနှင့် ပူးတွဲလုပ်ငန်းစဉ်များ၏ တိုးတက်ဆောင်ရွက်မှုအခြေအနေများ၊ အာဆီယံနိုင်ငံများဘက်မှ ပူးတွဲဆောင်ရွက်လိုသည့် လုပ်ငန်းအဆိုပြုချက်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Permanent Secretary of the Ministry of Foreign Affairs attends the 19th East Asia Summit and Related Summits

(11-10-2024, Vientiane)

Myanmar Delegation led by Permanent Secretary of the Ministry of Foreign Affairs of the Republic of the Union of Myanmar participated in the 19th East Asia Summit, 12th ASEAN-U.S. Summit, 14th ASEAN-UN Summit, and attended the Closing Ceremony of the 44th and 45th ASEAN Summits and Related Summits and Handing Over Ceremony of the ASEAN Chairmanship to Malaysia.
Heads of State/Heads of Government from ASEAN Member States, UN Secretary-General, ASEAN Foreign Ministers, and ASEAN Secretary-General participated the said Meetings and occasions, and Prime Minister of Timor-Leste also attended as an observer.
At the 19th East Asia Summit, EAS Leaders discussed and reviewed the work of EAS, its future direction and exchanged views on regional and international issues. At the ASEAN-U.S. and ASEAN-UN Summits, Leaders discussed issues related to the progress in the implementation of the current Plans of Action, projects and joint programmes proposed by ASEAN Member States for enhancing cooperation and mutual understanding under ASEAN-led mechanisms.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)