မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအား လက်ခံတွေ့ဆုံ

(၁၅-၁၂-၂၀၂၅၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်တွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Shiva Kumar Agrawal နှင့် အဖွဲ့ဝင်များကို မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် မြန်မာ-နီပေါနှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေး နှင့် ပို့ကုန်/သွင်းကုန် အမျိုးအစားနယ်ပယ်ချဲ့ထွင်နိုင်ရေး၊ နှစ်နိုင်ငံအကြား ငွေကြေးလွဲပြောင်းမှုဆိုင်ရာ ဘဏ်လုပ် ငန်းစဉ်များ၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်း ပြန်လည်ပြေးဆွဲနိုင်မည့် အလား အလာများနှင့် အပြန်အလှန် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံနိုင်မှုများ ဖန်တီးနိုင်ရေး စသည့် အချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

********************************************************

Ambassador H.E. U Thant Sin receives President and members of Nepal-Myanmar Chamber of Commerce and Industry

(15-12-2025, Kathmandu)

H.E. U Thant Sin, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar received President and members of Nepal-Myanmar Chamber of Commerce and Industry (NMCCI) at Myanmar Embassy on 15 December 2025.

Ambassador and the visiting NMCCI members shared views on promoting bilateral trade and discussed matters relating to market expanding of products from both countries. Both sides stressed on the importance of reestablishing direct flight between Myanmar and Nepal; hurdles in bank transaction between the two countries and the prospects of interaction between the business communities of both countries.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

1 May 2026
Labour Day (Myanmar)
Buddha Jayanti Day (Nepal)

29 May 2026
Republic Day (Nepal)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776