မြန်မာသံအမတ်ကြီး၏ ဇူလိုင်လအတွင်း အခမ်းအနားတက်ရောက်မှုများ

(၃၁-၇-၂၀၂၅၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နှင့် သံရုံးဝန်ထမ်းမိသားစုများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင်၊ ကတ္တမန္ဒူူးမြို့၊ Gallery 108 အနုပညာပြခန်းတွင် ခင်းကျင်းပြသထားသည့် မျိုးဆက်လေးဆက်၏ ပန်းချီအနုပညာလက်ရာများ ခင်းကျင်းပြသ ထားသော “Kalako Vansha: Exhibit 2” သို့ သွားရောက်လေ့လာခဲ့ပါသည်။
အဆိုပါ ပန်းချီပြပွဲတွင် ပြသထားသော ပန်းချီလက်ရာများသည် ဖွား၊ပွင့်၊ဟော၊စံ ဗုဒ္ဓ၏ သမိုင်းကြောင်းကို သဘာဝကျောက်တုံးများမှ ရရှိသော အရောင်များဖြင့် ပုံဖော်ရေးဆွဲထားသော လက်ရာများဖြစ်ကာ၊ နေဝါ လူမျိုး ထင်ရှားသည့် ပန်းချီပညာရှင် Siddhi Muni Shakya နှင့် ၎င်း၏ မျိုးဆက် (၃) ဆက်၏ လက်ရာများကို ပြသထားခြင်းဖြစ်ပါသည်။
သံအမတ်ကြီး နှင့် သံရုံးဝန်ထမ်းမိသားစုများသည် ဇူလိုင်လ ၂၈ ရက်နေ့တွင်၊ ကတ္တမန္ဒူးမြို့၌ ကျင်းပသည့် “Thai flavors in the Himalayas Event” သို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို နီပေါနိုင်ငံခြားရေးဝန်ကြီး၊ ဒေါက်တာ အာဇူရာနာ ဒယ်ဘ က အဓိက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ နီပေါနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။ ပြပွဲတွင် ထိုင်းနိုင်ငံ၏ စားသောက် ဖွယ်ရာများနှင့် ယဉ်ကျေးမှုဆိုင်ရာ ထွက်ကုန်များကို ပြသထားခဲ့ပြီး၊ နီပေါနိုင်ငံဆိုင်ရာ ထိုင်းသံရုံး နှင့် နီပေါနိုင်ငံ၏ ကုန်တိုက်လုပ်ငန်းစုဖြစ်သည့် Bhat-Bhateni တို့ ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

*********************************************************

Myanmar Ambassador’s Engagements in July 2025

(31-7-2025၊ Kathmandu)

On July 16, 2025, the Myanmar Ambassador to Nepal, H.E. U Myo Myint Maung and members of the Embassy staff visited the art exhibition “Kalako Vansha: Exhibit 2”, held at Gallery 108 in Kathmandu. The exhibition showcased paintings by four generations of artists from the renowned Newar artistic lineage, led by prominent painter Siddhi Muni Shakya. The featured art works portrayed the life story of the Buddha_ Birth, Enlightenment, First Sermon, and Parinirvana_ using natural pigments extracted from minerals.
In addition, on July 28, the Ambassador and Embassy staff attended the “Thai flavors in the Himalayas” event, held in Kathmandu. Nepal Minister for Foreign Affairs, the Honorable Dr. Arzu Rana Deuba graced the event as the chief guest, and members of diplomatic corps and business community participated in the event. The event featured traditional Thai cuisine and cultural products, and was jointly organized by the Royal Thai Embassy in Nepal and the Bhat-Bhateni Group, one of the Nepal’s leading commercial enterprises.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776