မြန်မာသံအမတ်ကြီးမှ Himalaya TV တွေ့ဆုံမေးမြန်းမှု အစီအစဉ်တွင်ပါဝင်
(၃၁-၇-၂၀၂၅၊ ကတ္တမန္ဒူး)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ၏ ပုဂ္ဂလိက ရုပ်သံလိုင်း တစ်ခုဖြစ်သော Himalaya TV ၏ Infoplus အစီအစဉ်မှ ကမ်းလှမ်းချက်အရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်း တွင် မြန်မာ-နီပေါ ချစ်ကြည်ရေးတိုးမြှင့်ဆောင်ရွက်နေမှု နှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကို အင်တာဗျူးအစီအစဉ်အဖြစ် လက်ခံ ဖြေကြားရိုက်ကူးခဲ့ပါသည်။
အဆိုပါ အင်တာဗျူးအတွင်း၌ မြန်မာသံအမတ်ကြီးက မြန်မာ-နီပေါ နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး၊ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်မှု၊ နှစ်နိုင်ငံ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု၊ ခရီးသွားလာရေး မြှင့်တင်နိုင်ရန် တိုးမြှင့် လုပ်ဆောင်သင့်သည့် အချက်များ၊ ဒေသတွင်းအဖွဲ့အစည်းများ၌ မြန်မာ-နီပေါ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး၊ နိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွားရန် စီစဉ်နေသည့် ကိစ္စရပ် နှင့် နီပေါနိုင်ငံတွင် ၂၀၁၅ ခုနှစ် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပြီး ပြန်လည် တည်ထောင်မှု လုပ်ငန်းစဉ်များ အပေါ် လေ့လာ အတုယူသင့် သည့် အချက်များ စသည်တို့ကို ဆွေးနွေးဖြေကြားခဲ့ပါသည်။
ဆက်လက်ပြီး သံအမတ်ကြီးသည် Himalaya TV အစီအစဉ်အဖွဲ့သားများကို မြန်မာသံရုံးတွင် ခင်းကျင်းထားသည့် မြန်မာ့ရိုးရာလက်မှုအနုပညာများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာ့ရိုးရာ နံနက်ခင်းစာဖြစ်သည့် အုန်းနို့ခေါက်ဆွဲဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
Myanmar Ambassador participates in Himalaya TV interview Program
(31-7-2025၊ Kathmandu)
On July 22, 2025, at the invitation of Infoplus_ a current affairs program broadcast by Himalaya TV, a private television network in Nepal_Myanmar Ambassador to Nepal, H.E. U Myo Myint Maung, participated in the interview. The discussion centered on the ongoing efforts to strengthen bilateral relations between Myanmar and Nepal, as well as recent political and socio-economic developments in Myanmar.
During the interview, Myanmar Ambassador discussed various aspects of Myanmar –Nepal relations covering topics relating to the diplomatic relations between the two nations emphasizing on the importance of building mutual trust between their people. The Ambassador highlighted Myanmar’s commitment to supporting enhanced bilateral trade and identified potential areas for strengthening tourism cooperation. He further stressed the increased cooperation between the two countries through regional institutions. Ambassador emphasized on the preparations of the Government of Myanmar in conducting General Election under the multi-party democratic system in accordance with the framework of 2008 Constitution. He pinpointed the valuable lessons that could be drawn from Nepal’s post-earthquake reconstruction efforts following the 2015 disaster.
Following the interview, the Ambassador provided the Himalaya TV team with an overview of traditional cultural arts showcased at the Embassy. The visit concluded with a breakfast reception, where Myanmar popular breakfast delicacy, Coconut Noodle, was served to the guests.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
