မြန်မာသံရုံး (ကတ္တမန္ဒူး) မှ သံရုံးဝန်ထမ်းနှင့် မိသားစုများ မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံး အသင်း၏ ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင်ကစားမှုများကို အားပေး

(၁၇-၂-၂၀၂၅ ရက်၊ ကတ္တမန္ဒူး)
 
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် လေးနိုင်ငံ ဖိတ်ခေါ် International Women Championship ဘောလုံးပြိုင် ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်း၏ ယှဉ်ပြိုင်ကစားမှုပွဲစဉ်များ အားလုံးကို သံရုံးဝန်ထမ်း၊ မိသားစုများ၊ မြန်မာဘောလုံးအသင်းကို ချစ်မြတ်နိုးသော ဒေသခံပြည်သူများ နှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပါသည်။ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း၏ အုပ်စုပွဲစဉ် များအဖြစ် ၁၇-၂-၂၀၂၅ ရက်နေ့တွင် လက်ဘနွန်အသင်းကို (၃ ဂိုး ၁ ဂိုး)ဖြင့်လည်းကောင်း၊ ၂၀-၂-၂၀၂၅ ရက်နေ့တွင် ကာရီကစ္စတန်အသင်းကို (၅)ဂိုးပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး အုပ်စုပတ်လည် နောက်ဆုံးပွဲစဉ်အဖြစ် ၂၃-၂-၂၀၂၅ ရက်နေ့တွင် အိမ်ရှင်နီပေါနိုင်ငံအသင်းတို့နှင့် ယှဉ်ပြိုင် ကစားခဲ့ရာ တစ်ဖက် (၂)ဂိုးစီဖြင့် သရေကျရလဒ်ရရှိခဲ့သည်။ 
အုပ်စုပတ်လည်ပွဲများ ပြီးဆုံးသွားပြီဖြစ်ပြီး  အုပ်စုတွင် အမှတ်အများဆုံးရရှိသည့် မြန်မာ အမျိုးသမီးလက်ရွေးစင်အသင်းနှင့် အိမ်ရှင်နီပေါနိုင်ငံအမျိုးသမီးလက်ရွေးစင် အသင်းတို့သည် ၂၆-၂-၂၀၂၅ ရက်နေ့တွင် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ ပရိတ်သတ် (၁၅,၀၀၀) ဝင်ဆန့်သည့် DASRATH STADIUM အားကစားရုံတွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရပါသည်။ 
 
************************************
Myanmar Embassy Staff and Family members cheer up the Myanmar Women’s National Football Team tournament 
 
(17-2-2025, Kathmandu)
 
Myanmar Ambassador to Nepal, U Myo Myint Maung, along with embassy staff, their families, and local football fans who support the Myanmar team, attended and cheered for the Myanmar National Women’s Football Team in all their matches at the International Women’s Championship, a four-nation invitational football tournament hosted by Nepal.
In the group stage matches, Myanmar defeated Lebanon by (3-1) on February 17, 2025, and Kyrgyzstan by (5-0) on February 20, 2025. In their final group match on February 23, 2025, Myanmar played with the host, Nepal resulting in a 2-2 draw. 
With the group stage now concluded, the Myanmar Women’s National Team and Nepal Women’s National Team, both having the highest points in their group, have qualified for the final match. The final match will be taken place on February 26, 2025, at DASRATH STADIUM in Kathmandu, Nepal, which has a seating capacity of 15,000 spectators.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776