မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်းကို စတင်ဆောင်ရွက်

(၅-၁၂-၂၀၂၅၊ ကတ္တမန္ဒူး)

၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးခြင်း (ပထမရက်) ကို မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ ၅-၁၂-၂၀၂၅ ရက် (သောကြာနေ့) ၁၀၀၀ နာရီမှ ၁၆၀၀ နာရီအချိန်အထိ မဲရုံဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး၊ ကတ္တမန္ဒူးမြို့ မှ သံအမတ်ကြီး ဦးသန့်စင်က မဲရုံမှူးအဖြစ် ကြီးကြပ်ဆောင်ရွက်၍ သံရုံးဝန်ထမ်းများက ကြိုတင် ဆန္ဒမဲပေးရန် လာရောက်ကြသည့် မဲဆန္ဒရှင်များ၏ ဆန္ဒမဲလက်မှတ်များအား စိစစ် ထုတ်ပေးခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လိုအပ်သည်များ လုပ်ဆောင်ပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြပါသည်။
ကြိုတင်ဆန္ဒမဲပေးခြင်း (ဒုတိယနေ့) ကို မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့တွင် ၆-၁၂-၂၀၂၅ ရက် (စနေ့နေ့) တွင် ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

**********************

Advance Voting for the 2025 General Elections is being held at the Embassy of the Republic of the Union of Myanmar in Kathmandu

(5-12-2025, Kathmandu)

The first day of advance polling station for the 2025 Multi-party Democratic General Elections of the Republic of the Union of Myanmar is opened on 5 December 2025 (Friday) from 1000 hrs to 1600 hrs at the Embassy of the Republic of the Union of Myanmar in Kathmandu. Myanmar Ambassador to Nepal, H.E. U Thant Sin administered the proceedings of the polling booth and the Embassy staff carried out identification checks and ballots issuance for the eligible voters and facilitated the voting process.
The second day of the advance polling station is being conducted at the Embassy of the Republic of the Union of Myanmar on 6 December 2025 (Saturday).

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776