မြန်မာနိုင်ငံ၊ မန္တလေးငလျင်ကြီးအတွက် လှူဒါန်းငွေအား မြန်မာသံအမတ်ကြီး လက်ခံခဲ့ခြင်း

( ကတ္တမန္ဒူး၊ ဧပြီလ ၂၂ ရက်)

နီပေါနိုင်ငံ၊ United National Nepali Church Council (UNNCC) ဦးဆောင်သည့် နီပေါခရစ်ယာန် အသိုက်အဝန်းက မန္လလေးငလျင်ကြီးအတွက် လှူဒါန်းငွေ နီပေါ ရူပီး (၅၀၀.၀၀၀) (ငါးသိန်းတိတိ)ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။
သင်းအုပ်ဆရာတော် Rev. Prakash Subba ဦးဆောင်သည့် အဖွဲ့အား မြန်မာသံအမတ်ကြီးက သံရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။ ယခုလှူဒါန်းမှုသည် မန္တလေးငလျင်ကြီးတွင် ထိခိုက်ခံစားခဲ့ရသူများအတွက် ပြန်လည်ထူထောင်ရေးတွင် အသုံးပြုနိုင်ရန် နီပေါ ခရစ်ယာန် အသိုက်အဝန်းက စုပေါင်း လှူဒါန်းခြင်း ဖြစ်ပါသည်။
သံအမတ်ကြီးက အလှူငွေပေးအပ်မှုအတွက် ကျေးဇူးတင်စကားနှင့် မန္တလေးငလျင်ကြီးနှင့် စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လှူဒါန်းမှုအတွက် ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာသည့် ခရစ်ယာန်အသင်းအဖွဲ့ ကိုယ်စားလှယ် များက ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကာ၊ ငလျင်ဘေးကြောင့် ထိခိုက် သေဆုံးသွားသူများအတွက် ခရစ်ယာန် ဘာသာရေးအရ ဆုတောင်းမေတ္တာပြုခဲ့ ကြပါသည်။
ယင်းနေ့ နေ့လယ်ပိုင်းတွင် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်း (Nepal-Myanmar Friendship Association) ဥက္ကဋ္ဌ Mr. Sharkar Gimirak နှင့် အဖွဲ့ဝင်များကလည်း မန္တလေးငလျင်ကြီးအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လာရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Myanmar Ambassador receives donation for Mandalay Earthquake relief

(Kathmandu, April 22)

On April 22, 2025, the Nepali Christian Community, led by the United National Nepali Church Council (UNNCC), donated NPR 500,000 (five hundred thousand Nepali rupees) for relief efforts related to the major earthquake in Myanmar.
Myanmar Ambassador to Nepal, H.E. U Myo Myint Maung, received the delegation led by Rev. Prakash Subba at the Emabassy. This donation represents the collective contribution of the Nepali Christian community and is intended to support recovery and rebuilding efforts for those affected by the Mandalay earthquake.
Firstly, Myanmar Ambassador provided and explanation regarding the earthquake and expressed gratitude for the generous donation by presenting a certificate of appreciation. Representatives from the Christian organizations attending the event also signed the condolence book and offered prayers in the Christian tradition for those who lost their lives and affected in the earthquake.
Subsequently, Ambassador received members of Nepal-Myanmar Friendship Association led by President, Mr. Shankar Gimirak in the afternoon. The President and members signed the Condolence book on the earthquake victims of Myanmar.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776