မြန်မာနိုင်ငံတော်အစိုးရက မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော် ချီးမြှင့်ခံရသည့် နီပေါနိုင်ငံမှ ဒေါ်သုဓမ္မဝတီ (ခေါ်) သမီးချစ်သီလရှင် ဆရာကြီးထံ မြန်မာသံရုံး၊ ကတ္တမန္ဒူးက ဘွဲ့တံဆိပ် ဆက်ကပ် နိုင်ရေး လျှောက်ထားတင်ပြ
( ကတ္တမန္ဒူး၊ မတ်လ ၂၅ ရက်)
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၅) (၁၃၈၆ ခုနှစ် ပြာသိုလဆန်း ၆ ရက်) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရိလ ၄ ရက်နေ့တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များ ဆက်ကပ်လှူဒါန်းခဲ့ရာ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ၊ Dhama Kirti Vihar ကျောင်းတိုက်တွင် သီတင်းသုံးနေသည့် မြန်မာနိုင်ငံတွင် သမီးချစ်သီလရှင်ဆရာကြီးအဖြစ် ထင်ရှားသည့် ဒေါ်သုဓမ္မဝတီသည် မဟာသမ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် တော် ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။
အဆိုပါ ဘွဲ့တံဆိပ်တော်အား နိုင်ငံတော်အစိုးရကိုယ်စား မြန်မာသံရုံး၊ ကတ္တမန္ဒူးမှ ဆက်ကပ် လှူဒါန်းမည်ဖြစ်ရာ ဘွဲ့တံဆိပ် ဆက်ကပ်နိုင်ရေးအတွက် ကြိုတင်လျှောက်ထား တင်ပြခြင်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က သီလရှင် ဆရာကြီးသီတင်းသုံးရာ ကျောင်းတိုက်သို့ သွားရောက်လျှောက်ထား တင်ပြခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းတွင် သီလရှင် ဆရာကြီး သီတင်းသုံးရာ ကျောင်းတိုက်တွင် အခမ်းအနားဖြင့်လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သီလရှင်ဆရာကြီး သမီးချစ်သည် သက်တော် (၉၂) နှစ် ရှိပြီဖြစ်ပြီး ဘဝတာ တစ်လျှောက်လုံး ထေရဝါဒ ဗုဒ္ဓဘာသာ တိုးတက်စည်ပင် ထွန်းကားပြန့်ပွားရေးကို တစ်စိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် မြန်မာနိုင်ငံတော်အစိုးရက ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘွဲ့ တော်ကိုလည်းကောင်း၊ နီပေါနိုင်ငံအစိုးရက ၁၉၉၅ ခုနှစ်တွင် Jnanmala Ratnavata Sirpaa ကို လည်းကောင်း၊ နီပေါနိုင်ငံ Lumbini Buddhist University မှ ၂၀၂၄ ခုနှစ်တွင် ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ကိုလည်းကောင်း၊ အသီးသီးချီးမြှင့်ခြင်း ခံခဲ့ရပြီး ယခုထပ်မံ၍ မြန်မာနိုင်ငံတော်အစိုးရက မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ချီးမြှင့်ခံရခြင်း ဖြစ်ပါသည်။
သီလရှင်ဆရာကြီးသည် နီပေါနိုင်ငံတွင် သာမက ပြည်ပနိုင်ငံများဖြစ်သော မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ အမေရိကန်ပြည်ထောင်စု၊ သီရိလင်္ကာ စသည့် နိုင်ငံများ သို့လည်း သွားရောက်ပြီး ထေရဝါဒ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံများ၏ ဘာသာရေးအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသူဖြစ်ပါသည်။
Myanmar Embassy pay homage to Daw Thudhammawati (aka) Thamee Chit in discussion of holding conferring the title of Maha Saddhammajotikadhaja Title by the Government of the Republic of the Union of Myanmar
(Kathmandu, 25 March)
In the celebration of the 77th Independence Day of the Republic of the Union of Myanmar, the Government of Myanmar conferred Maha Saddhammajotikadhaja Religious Title to Daw Thudhammawati, the presiding nun of Dhama Kirti Vihar Monastery in Kathmandu, Nepal.
Myanmar Embassy in Kathmandu, as the representative of the Government of Myanmar, will confer the Title to Daw Thudhammawati in April, 2025. Myanmar Ambassador visited Dhama Kirti Vihar on March 25, 2025 to discuss on the logistic matters regarding the title conferring ceremony.
Daw Thudhammawati, now aged 92, has dedicated her life to the spread and development of Theravada Buddhism. For her tireless efforts, she has received various honors, including the Agga Maha Gandawasa Pandiṭa title from the Myanmar government in 1992, the Jnanmala Ratnavata Sirpaa award from the Nepal government in 1995, and the Honorary Doctor of Philosophy from the Lumbini Buddhist University of Nepal in 2024.
She has worked with religious organizations in various countries, including Myanmar, Thailand, India, Japan, China, Cambodia, the United States, Sri Lanka, and others. Daw Thudhammawati actively collaborating with these countries to promote Theravada Buddhism and religious work.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
