ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာရှပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ရန် ထွက်ခွာ

(၁-၁၀-၂၀၂၄ ရက်၊ ရန်ကုန်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ ကျင်းပ ပြုလုပ်မည့် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ တတိယအကြိမ် မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ကာတာနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ လိုက်ပါသွားပါသည်။
အဆိုပါကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ ကာတာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ရာရှစ် အက်ဘ်ဒူလာအမ်အေအယ်လ်-ကူဝါရီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

The Myanmar delegation led by U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, left Yangon to attend the 3rd Summit of the Asia Cooperation Dialogue (ACD)

(1-10-2024, Yangon)

The Myanmar delegation led by U Than Swe, Deputy Prime Minister and Union Minister for Foreign Affairs of the Republic of the Union of Myanmar, left Yangon for the State of Qatar on the morning of 1st October 2024 to attend the 3rd Summit of the Asia Cooperation Dialogue (ACD) to be held in Doha, the State of Qatar. The Myanmar Delegation was accompanied by U Minn Minn, Deputy Minister for Commerce, U Kyaw Soe Moe, Director-General of the Ministry of Sports and Youth Affairs and senior officials from the Ministry of Foreign Affairs.
The Myanmar delegation was seen off at the Yangon International Airport by Dr. Rashid Abdullah M,A, Al-Kuwari, Chargé d’ Affaires of the Embassy of the State of Qatar in Yangon and senior officials from the Ministry of Foreign Affairs.

 

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)