နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်၌ ကျင်းပသည့် 4th Lumbini International Tipitaka Chanting Ceremony သို့ မြန်မာသံအမတ်ကြီး တက်ရောက်
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ် တွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိသည့် 4th Lumbini International Tipitaka Chanting Ceremony 2025 ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကို ကိုယ်စားပြုလျက် တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အခမ်းအနားကို ဦးစီးပြုလုပ်သည့် All Nepal Bhikkhu Association ၊ ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများမှ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီး များ၊ Lumbini Development Trust (LDT) ၊ Lumbini Buddhist University အပါအဝင် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ နီပေါနိုင်ငံအခြေစိုက် ဗုဒ္ဓဘာသာ ကိုးကွယ်သည့်နိုင်ငံများ မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ ဘုရားဖူးလာပြည်သူများ၊ အင်အား (၂,၀၀၀) ကျော်ခန့် တက်ရောက်ခဲ့ကြပြီး အဓိကဧည့်သည်တော်အဖြစ် နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် မြို့ပြဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဝန်ကြီး Mr. Prakash Man Singh တက်ရောက်ခဲ့ ပါသည်။
အခမ်းအနားအစီအစဉ်အရ ဗုဒ္ဓမြတ်စွာဘုရားအား အခမ်းအနားကျင်းပမည့် လုမ္ဗိနီ ဥယျာဉ် မယ်တော်မာယာအုတ်ကျောင်းသို့ ပင့်ဆောင်ပူဇော်ခြင်း၊ ပိဋိကတ်ကျမ်းစာအုပ်များ အား ပင့်ဆောင်ခြင်း၊ ပင့်ဆောင်ပူဇော်ရာလမ်းတစ်လျှောက် ရဟန်းရှင်လူပြည်သူများက ဗုဒ္ဓ ဂုဏ်တော်များ ရွတ်ဖတ်ပူဇော်ခြင်းတို့ ပြုလုပ်ကြပါသည်။ အခမ်းအနားတွင် နိုင်ငံအလိုက် သံဃာ့ဥသျှောင်ဆရာတေ်ကြီးများ၊ နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ နိုင်ငံတို့မှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံ၊ အခမ်းအနား၏ အဓိကအလှူရှင်နှင့် အဖွဲ့အစည်းမှ တာဝန်ရှိသူများက ချီးကျူးဂုဏ်ပြု ပူဇော်သည့် အမှတ်တရ စကားများ အသီးသီး ပြောကြားခဲ့ပါသည်။
မြန်မာသံအမတ်ကြီးက ချီးကျူးဂုဏ်ပြုပူဇော်စကားပြောကြားရာတွင် ယနေ့အခမ်း အနားသို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါ ကြောင်း၊ အခမ်းအနားကို တာဝန်ယူဦးစီးကျင်းပပေးသည့် All Nepal Bhikkhu Association ၊ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် LDT နှင့် နီပေါနိုင်ငံ အစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တာဝန်ရှိသူများ၊ Lumbini Buddhist University ၊ Lumbini Provincial Government တို့မှ တာဝန်ရှိသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြတ်စွာဘုရားရှင် ဟောကြား မိန့်မှာချက်များကို မှတ်တမ်းတင်ပြီး ပူဇော်စောင့်ရှောက်ခြင်း၊ လိုက်နာကျင့်သုံးခြင်း၊ ပွားများ အောင် အားထုတ်ကြိုးပမ်းခြင်း စသည်တို့သည် ဗုဒ္ဓသာသနာတော်ကို အရှည်တည်တံ့ ထွန်းလင်းတောက်ပစေရန် မွန်မြတ်သော လုပ်ဆောင်ခြင်းများပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တွင်လည်း ရဟန်းသံဃာတော်များအား တိပိဋိကတ်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ခြင်း၊ ထိုသို့ ဆက်ကပ်လှူဒါန်းခြင်းအပြင် ဗုဒ္ဓအဆုံးအမများနှင့်အညီ မြန်မာ ဘုန်းတော်ကြီး ကျောင်းများနှင့် မြန်မာလူမှုဝန်းကျင် အဖွဲ့အစည်းများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများတွင် လိုက်နာကျင့်ကြံမှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဗုဒ္ဓသာသနာရောင်ဝါနေသို့ ထာဝရ ထွန်းလင်းပါစေကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
သံအမတ်ကြီးသည် ခရီးစဉ်အတွင်း လုမ္ဗိနီရှိ LDT ၏ ရုံးခန်းတွင် Vice Chairman ဖြစ်သူ ဘုန်းတော်ကြီး Venerable Khenpo Chime နှင့်လည်းကောင်း၊ Lumbini Provincial Government ရုံးစိုက်ရာ Dang မြို့သို့ သွားရောက်ခဲ့ပြီး Lumbini Provincial Government အကြီးအကဲဖြစ်သူ Chief Minister Mr. Chet Narayan Acharya ထံသို့လည်းကောင်း သီးခြားစီ သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပြီး မြန်မာနှင့် နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ၊ လုမ္ဗိနီရှိ မြန်မာရွှေကျောင်းတော်ကြီး၏ သာသနာပြု လုပ်ငန်း လုပ်ဆောင်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအလိုက် လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပန်ကြားခဲ့ကြောင်း သိရှိရ ပါသည်။
Myanmar Ambassador attends 4th Lumbini International Tipitaka Chanting Ceremony in Lumbini, Nepal
Myanmar Ambassador to Nepal, U Myo Myint Maung attended the Opening Ceremony of the 4th Lumbini International Tipitaka Chanting Ceremony 2025 as a representative of the Republic of the Union of Myanmar. The auspicious ceremony was conducted in the Sacred Garden in Lumbini from 4th to 9th March,2025.
The ceremony was graced by the presence of the Deputy Prime Minister and Minister for Urban Development, Rt. Hon. Prakash Man Singh as the Guest of Honor. All Nepal Bhikkhu Association led the ceremony as the organizing body, and over (2,000) guests including venerable Sangha and Nuns from countries that follow Buddhism, religious organizations including Lumbini Development Trust (LDT) and Lumbini Buddhist University, Nepal-based Ambassadors and diplomats from countries that follow Buddhism, and devotees attended the ceremony.
According to the program of the event, the ceremony commenced with the conveyance of Bhuddha and Tipitaka scriptures to Maya Devi Temple. The devotees participated in the procession by reciting the wisdom of Bhuddha. The Most Venerable Sangha from respective countries; Deputy Prime Minister; Ambassadors and diplomats from Myanmar, Thailand and Srilanka; the main donor of the ceremony and responsible individuals from respective organization delivered good-will messages.
Myanmar Ambassador expressed the honor to be representing Myanmar in attending Tipitaka Ceremony and, appreciations for All Nepal Bhikkhu Association, concerned ministries of the Government of Nepal, Lumbini Development Trust, Lumbini Buddhist University, and officials from Lumbini Provincial Government for their hard work in organizing the event. The Ambassador included that the preservation and propagation of the Buddha’s timeless teachings served as the profound expression of the individuals’ devotion and commitment in strengthening Bhuddhism. Ambassador also highlighted on the fact that Myanmar practice offering of Tipitaka titles to Sanghas and take immense pride in upholding and revering the Tipitaka with upmost respect by generations of monastic society and communities. Ambassador concluded by wishing the chanting ceremony to be a beacon of peace and enlightenment, inspiring the devotees to cultivate loving, kindness, compassion, and wisdom for the benefit of all beings.
Ambassador paid respective courtesy calls on Vice Chairman of Lumbini Development Trust, Venerable Khenpo Chime at LDT Office, and Chief Minister of Lumbini Provincial Government, Mr. Chet Narayan Acharya at his office in Dang. Ambassador discussed topics regarding existing Myanmar-Nepal friendship and the matters regarding Myanmar Golden Temple in Lumbini; and requested for the cooperation respectively.
သံအမတ်ကြီးက 4th Lumbini International Tipitaka Chanting Ceremony 2025 ဖွင့်ပွဲအခမ်းအနား၌ ဂုဏ်ပြုပူဇော်စကားပြောကြားစဉ်
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
