နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ သံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်
(၁၉-၉-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)
သံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်၊ နံနက် (၈:၀၀) နာရီတွင် ကတ္တမန္ဒူးမြို့ရှိ Nepali Sainikmanch Tundikhel ၌ ကျင်းပပြုလုပ်သည့် နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနေ့နှင့် အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ နီပေါသမ္မတ ရမ်ချန်ဒရာပေါ်ဒရယ်လ်၊ ဒုတိယသမ္မတ Ramsahay Prasad Yadav ၊ ဝန်ကြီးချုပ် ကေပီရှာမာအိုလီနှင့် အစိုးရအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး Ashok Raj Sigdel နှင့် နီပေါတပ်မတော်မှ တာဝန်ရှိသူများ၊ ကတ္တမန္ဒူးမြို့ အခြေစိုက် သံရုံးအကြီးအကဲများနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ပါသည်။
ယင်းနေ့ (၁၆:၃၀) နာရီတွင် သံအမတ်ကြီးနှင့် ဇနီးတို့သည် နီပေါသမ္မတက သမ္မတရုံး၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
His Excellency U Myo Myint Maung attends on the auspicious occasion of the Constitution Day and National Day of Nepal
(19-9-2024, Kathmandu)
His Excellency U Myo Myint Maung, Ambassador of the Extraordinary and Plenipotentiary of the Republic of the Union of Myanmar, attended on the auspicious occasion of the Constitution Day and National Day of Nepal which was held at 8:00 hrs on 19th September 2024 at the Nepali Sainikmanch Tundikhel in Kathmandu.
The occasion was presented by the Right Hon’ble Mr. Ram Chandra Paudel, President of the Federal Democratic Republic of Nepal, the Right Hon’ble Mr. Ramsahay Prasad Yadav, Vice President of the Government of Nepal, the Right Hon’ble Mr. K P Sharma Oli, Prime Minister, ministers, heads of Missions in Kathmandu and officials from the Ministry of Foreign Affairs.
On the same day, His Excellency U Myo Myint Maung and spouse also participated in the dinner hosted by the Right Hon’ble Mr. Ram Chandra Paudel, President of the Federal Democratic Republic of Nepal at 16:30 hrs at the President Office in Kathmandu.
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)