နီပေါနိုင်ငံမှ ပြည်ပဘွဲ့ခံဆရာတော်ကြီးအား မြန်မာနိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် သံအမတ်ကြီး ဦးမျိုးမြင့်မောင် လုမ္ဗိနီမြို့ရှိ မြန်မာ ရွှေကျောင်းတော်ကြီး၌ သွားရောက်ဆက်ကပ်အပ်နှင်း

(၃၀-၈-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံ၊ လုမ္ဗိနီမြို့၊ မြန်မာရွှေကျောင်းတော်ကြီး၌ သာသနာပြုတာဝန်ထမ်းဆောင် နေသော ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ်အား ၂၀၂၄ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ဆက်ကပ်လှူဒါန်းပူဇော်ပွဲတွင် ရရှိခဲ့သည့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် အား နိုင်ငံတော်အစိုးရကိုယ်စား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အခမ်းအနားသို့ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာရွှေကျောင်းတော်ကြီးမှ သာသနာရေးအရာရှိများ၊ ဒေသခန့်ဝန်ထမ်းများနှင့် ဒေသခံ ဒါယိကာ၊ ဒါယိကာမတို့က တက်ရောက်ကြည်ညိုခဲ့ကြကြောင်းနှင့် ဆရာတော်အရှင်သူမြတ်တော် များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။

Religious Title to the Most Venerable Bhaddanta Pandita presents by His Excellency U Myo Myint Maung at Myanmar Golden Temple in Lumbini

(30-8-2024, Kathmandu)

The year 2024 conferring ceremony of Religious Title offered by the State Administration Council of the Republic of the Union of Myanmar to the Most Venerable Bhaddanta Pandita, serving the religious duties, were presented the Religious Title “MAHASADDHAMMAJOTIKADHAJA” and insignia by His Excellency U Myo Myint Maung at the Myanmar Golden Temple in Lumbini.
At the ceremony, His Excellency U Myo Myint Maung and spouse, officer from Myanmar Embassy, religious officers and local staff from Myanmar Golden Temple, Buddhist devotees presented and offered insignia to the Most Venerables.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)