နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နီပေါတပ်မတော်မှ ဦးစီးကျင်းပပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနားသို့ တက်ရောက်

(၁၀-၁၀-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)

နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel ၏ ဖိတ်ကြားချက်အရ ၁၀-၁၀-၂၀၂၄ ရက်နေ့တွင် ကတ္တမန္ဒူးမြို့ရှိ Army Pavilion ၌ ကျင်းပပြုလုပ်ခဲ့သည့် “PHULPATI PARADE” အခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ပါသည်။
နီပေါနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နီပေါနိုင်ငံ တပ်မတော်၏ အကြီးအကဲဖြစ်သည့် နီပေါ သမ္မတ ရမ်ချန်ဒရာပေါ်ဒဲလ် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။
အဆိုပါအခမ်းအနားသည် (၁၀) ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိသည့် ဒါဆိုင်းပွဲတော်၏ (၇)ရက်နေ့မြောက် အထိမ်းအမှတ်အဖြစ် နီပေါတပ်မတော်ကဦးစီးကာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အခမ်းအနားသို့ နီပေါနိုင်ငံ ဒုတိယသမ္မတ Ramsahaya Prasad Yadav ၊ ဝန်ကြီးချုပ် KP Sharma Oli၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် နီပေါနိုင်ငံ အခြေစိုက် သံရုံးများမှ သံတမန် အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

Ambassador of Myanmar to Nepal attends the “PHULPATI PARADE” Ceremony organized by the Nepali Army

(10-10-2024, Kathmandu)

At the invitation of Nepali Chief of Army Staff, General Ashok Raj Sigdel, Ambassador of Myanmar to Nepal, U Myo Myint Maung attended the “PHULPATI PARADE” ceremony held at the Army Pavilion in Kathmandu on 10th October 2024.
In accordance with the Constitution of Nepal, the Rt. Hon’ble Mr. Ram Chandra Paudel, President of the Nepal, as the Supreme Commander-in-Chief of the Nepali Army, attended the event and received the salute with an honoured ceremony by the Nepali Army.
The ceremony was organized by the Chief of Army Staff of the Nepali Army to mark the seventh day of the ongoing 10-day-long Dashain festival and was presented by the Vice President Rt. Hon’ble Mr. Ramsahaya Prasad Yadav, Prime Minister Rt. Hon’ble Mr. KP Sharma Oli, House of Speakers, Vice Prime Minister, Ministers, officials from the Government of Nepal and Heads of Missions in Kathmandu.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)