နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး Look Nepal Magazine မှ အယ်ဒီတာချုပ် အား လက်ခံ တွေ့ဆုံခဲ့ခြင်း
(၄-၁၀-၂၀၂၄ ၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် ကတ္တမန္ဒူးမြို့ရှိ Look Nepal Magazine မှ အယ်ဒီတာချုပ်ဖြစ်သူ Mr. Mohan Bir Thapa အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေမည့် Look Nepal Magazine on “Myanmar-Nepal Relations” စာအုပ်တွင် ထည့်သွင်းဖော်ပြ မည့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်း၊ ပြည်သူ အချင်းချင်းအကြား ချိတ်ဆက်ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံမှုတွင် မြန်မာသံရုံးမှ သံရုံးဒုတိယအကြီးအကဲနှင့် အရာထမ်းတို့လည်း တက်ရောက်ခဲ့ပါသည်။
ယင်းမဂ္ဂဇင်းသည် နှစ်စဉ် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် သံရုံး၏ စီစဉ်မှုဖြင့် ကန့်သတ်စောင်ရေအတိုင်း ထုတ်ဝေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ နိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် နီပေါနိုင်ငံ၊ ကတ္တမန္ဒူးအခြေစိုက် သံတမန်အသိုင်းအဝန်းနှင့် နီပေါအစိုးရအဖွဲ့ တာဝန်ရှိသူများထံ မေတ္တာလက်ဆောင် ပေးအပ်မည့် စာစောင်ဖြစ်သည်။
Ambassador of Myanmar to Nepal receives Mr. Mohan Bir Thapa, Editor-in-Chief of Look Nepal Magazine
(4-10-2024, Kathmandu)
His Excellency U Myo Myint Maung, Ambassador Extraordinary and Plenipotentiary of the Republic of the Union of Myanmar to Nepal received Mr. Mohan Bir Thapa, Editor-in-Chief of Look Nepal Magazine at the Myanmar Embassy on 4th October 2024. During the meeting, they discussed matters related to the bilateral relations between Myanmar and Nepal, culture, trade, tourism and people to people connectivity to be published in the Look Nepal Magazine on “Myanmar-Nepal Relations” on the occasion of Myanmar Independence Day in 2025. Presents were also the Deputy Chief of Mission and official from the Myanmar Embassy.
The limited edition of The Look Nepal Magazine focused on “Myanmar-Nepal Relations”, is planned to be published and distributed as a goodwill gesture as well as the occasion of the Myanmar Independence Day. It will be sent to the Ministry of Foreign Affairs and other relevant ministries in Myanmar, the foreign diplomatic missions in Kathmandu, and officials from the Government of Nepal.

Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)