နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Air Chief Marshal Sudharshana K. Pathirana (Retd) နှင့် သွားရောက်တွေ့ဆုံ

(၃-၁၀-၂၀၂၄၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂-၁၀-၂၀၂၄ ရက်နေ့တွင် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီး Air Chief Marshal Sudharshana K. Pathirana (Retd) အား သွားရောက်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ ဒေသတွင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် လုမ္ဗိနီဒေသသို့ သွားရောက်ကြသည့် ဘုရားဖူးများ အဆင်ပြေစေရေးတို့အတွက် သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက်နေမှုတို့ကို ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါသည်။
၁-၁၀-၂၀၂၄ ရက်နေ့တွင်လည်း သံအမတ်ကြီးသည် နီပေါနိုင်ငံမှ Himalayan TV Channel မှ သတင်းအဖွဲ့ အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူချင်းထိတွေ့မှု ပိုမိုမြှင့်တင်နိုင်ရေးတို့အတွက် သံအမတ်ကြီးအား တွေ့ဆုံမေးမြန်းလိုမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

Ambassador of Myanmar to Nepal paid a courtesy call on Air Chief Marshal Sudharshana K. Pathirana (Retd), Ambassador of Sri Lanka to Nepal

(3-10-2024, Kathmandu)

On 2nd October 2024, His Excellency U Myo Myint Maung paid a courtesy call on Air Chief Marshal Sudharshana K. Pathirana (Retd), Ambassador of Sri Lanka to Nepal and exchanged views upon the matters of friendly bilateral relations, regional cooperation, and coordinating with the relevant local authorities to ensure smooth and convenient travel for pilgrims to the Lumbini area.
On 1st October 2024, Myanmar Ambassador received the media team of Nepal Himalayan TV Channel and discussed views on matters related to the interview to the Ambassador aiming to enhancing cultural exchange and public engagement between Myanmar and Nepal.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)