နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် နီပေါသံဃာ့နာယက ဟောင်း၏ (၈၅)နှစ်မြောက်မွေးနေ့ပွဲသို့ တက်ရောက်ခဲ့ပြီး အမှတ်တရ ဂုဏ်ပြုပူဇော်စကားပြောကြား

(၁၂-၁၁-၂၀၂၄ ရက်၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် ဇနီးသည် ကတ္တမန္ဒူးမြို့ရှိ Vishwa Shanti ဘုန်းတော်ကြီးကျောင်း၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် နီပေါသံဃာ့နာယကဟောင်း Jnanapurnika Mahathero ၏ (၈၅)နှစ် မြောက် မွေးနေ့ပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ကထိန်သင်္ဃန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ကပ်လှူပြီး အမှတ်တရ ပူဇော်ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လက်ရှိ နီပေါသံဃာ့နာယက၊ All Nepal Bhikkhu Association မှ ဥက္ကဋ္ဌ၊ ဆရာတော်ကြီးများ၊ သီလရှင်များ၊ နီပေါနိုင်ငံအခြေစိုက် သံရုံးများဖြစ်သည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသံရုံးတို့မှ သံရုံးအကြီးအကဲနှင့် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ ဗုဒ္ဓဘာသာဝင် ကြည်ညိုသူများ စုစုပေါင်းအင်အား(၃၅၀)ဦးခန့် ပါဝင်တက်ရောက်ခဲ့ပါသည်။
နီပေါသံဃာ့နာယကဟောင်း Jnanapurnika Mahathero သည် နီပေါနိုင်ငံတွင် ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်ပြီး Vishwa Shanti ကျောင်း စတင်တည်ထောင်ခဲ့သူအဖြစ်လည်း ထင်ရှားသည့် ဆရာတော်ကြီးဖြစ်ကြောင်း သိရှိရပါသည်။
အခမ်းအနားတွင် ထုံးတမ်းစဉ်လာနှင့်အညီ ကထိန်သင်္ဃန်းများကို ကပ်လှူပူဇော်ခဲ့ကြပြီး နီပေါသံဃာ့နာယကဟောင်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ်လည်း အမှတ်တရဂုဏ်ပြုစကားများ ပြောကြားခဲ့ပါသည်။

Myanmar Ambassador to Nepal gives a goodwill message on the occasion of the Kathina Robe Offering Ceremony and the 85th Birth Anniversary of Late Most Venerable Sanghanayaka Bhikshu

(12-11-2024, Kathmandu)

His Excellency U Myo Myint Maung, Myanmar Ambassador to Nepal and his spouse attended the Kathina Dana Robe Offering Ceremony and the 85th Birth Anniversary of Late Most Venerable Sanghanayaka Bhikhu Jnanapurnika Mahathero at the Vishwa Shanti Monastery in Kathmandu on 12th November 2024. During the ceremony, they offered the Kathina Dana Robes and other donations to the monks and delivered the goodwill message honouring the occasion.
The ceremony was also attended by the present Sanghanayaka of Nepal Venerable, President of All Nepal Bhikkhu Association, All the Nepalese Sangha members, nuns, head of mission and representatives from Myanmar, Thailand and Sri Lanka, other invited guests and all Buddhist devotees approximately 350 participants.
The Late Most Venerable Sanghanayaka Bhikshu Jnanapurnika is recognized as the one who made tireless efforts for flourishing Buddhism and founder of the Vishwa Shanti Monastery.
In line with the tradition, Kathina Dana Robes were respectfully offered and commemorative speeches were given in honour of the Late Most Venerable Sanghanayaka Bhikshu’s birthday.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)