နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား ဂါရဝပြုသွားရောက်တွေ့ဆုံ

(၁၉-၁၁-၂၀၂၄ ၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ ဂါရဝပြု သွားရောက် တွေ့ဆုံခဲ့စဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းသားများ စေလွှတ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံမှုအပြီးတွင် နီပေါကာကွယ်ရေးဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ယင်းကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ်(၃၁) Command and Staff Course ၏ ‘Ambassador Talk Programme’ တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ သင်တန်းသားများအား ပို့ချဆွေးနွေးခဲ့ပါသည်။
နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigel ၏ ဖိတ်ကြားချက်အရ အောက်တိုဘာလအတွင်း နီပေါတပ်မတော်မှ ကြီးမှူးပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနားနှင့် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် (၂၀၂၄ ခုနှစ်) အခမ်းအနားတို့သို့လည်း တက်ရောက်ခဲ့ပါသည်။

Myanmar Ambassador to Nepal, U Myo Myint Maung pays courtesy call on General Ashok Raj Sigdel, Chief of Army Staff of Nepalese Army

(19-11-2024, Kathmandu)

His Excellency U Myo Myint Maung, Myanmar Ambassador to Nepal paid a courtesy call on General Ashok Raj Sigdel, Chief of Army Staff of Nepalese Army at the Nepal Army Headquarters on 19th November 2024. During the meeting, they had a cordial discussion on enhancing the existing friendly relations between two countries, strengthening cooperation between two armed forces and ongoing exchange programs for military training.
After the meeting, the Chief of Army Staff and the Ambassador exchanged commemorative gifts as a gesture of goodwill.
In September 2024, Myanmar Ambassador to Nepal participated in the ‘Ambassador Talk Programme’ of the 31st Command and Staff Course at the Nepal Army Command and Staff College, upon their invitation. He discussed the Myanmar’s Foreign Policy and the bilateral relations between Myanmar and Nepal with the participants.
In October, at the invitation of Nepali Chief of Army Staff, General Ashok Raj Sigdel, Ambassador of Myanmar to Nepal, U Myo Myint Maung attended the “PHULPATI PARADE” ceremony which was organized by the Nepal Army and also attended the United Nations Day Commemoration Ceremony (2024).

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)