နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav အား သွားရောက် ဂါရဝပြု တွေ့ဆုံ

(၂၇-၁-၂၀၂၅ ရက်နေ့၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ကတ္တမန္ဒူးမြို့ရှိ ဒုတိယသမ္မတရုံး၌ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပြည်သူ အချင်းချင်းအကြား ဆက်ဆံရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီးက မကြာမီတွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ သံတမန် ဆက်ဆံမှု ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ဒုတိယသမ္မတအား အထူးဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ပေးပါရန် ဖိတ်ကြားခဲ့ကြောင်း သိရှိရပါသည်။
သံအမတ်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Naveen Srivastava က ကတ္တမန္ဒးမြို့ရှိ အိန္ဒိယသံရုံးဝင်းအတွင်း မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သော အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal pays courtesy call on the Rt. Hon’ble Mr. Ramsahay Prasad Yadav, Vice President of the Government of Nepal

(27-1-2025, Kathmandu)

His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal paid courtesy call on the Rt. Hon’ble Mr. Ramsahay Prasad Yadav, Vice President of the Government of Nepal on 27th January 2025 at the Vice President Office in Kathmandu.
During the meeting, they mutually discussed on matters pertaining to the promotion of existing diplomatic relations, further cooperation on economic, cultural and people to people connections. It was conveyed that the Rt. Hon’ble Vice President had been invited as a Chief of Guest to grace on the upcoming occasion of 77th Independence of the Republic of the Union of Myanmar and the 65th Anniversary of the establishment of Diplomatic Relations between Myanmar and Nepal.
On 26th January 2025, His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal also attended the celebration of the 76th Republic Day of India, which was organized by His Excellency, Mr. Naveen Srivastava, Ambassador of the Republic of India to Nepal at the India House (LAWNS), Embassy of India, Kathmandu.

Yangon Time

Kathmandu Time

Holiday for Months

11 May 2025
( Full Moon Day of Kasone )

13 May 2025
( Buddha Jayanti Day )

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)