နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဝန်ထမ်းမိသားစုများ ဖားအောက်တောရဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

(ကတ္တမန္ဒူး၊ ၁-၇-၂၀၂၅)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် သံရုံးဝန်ထမ်းမိသားစုဝင်များနှင့် အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ ညနေ ၁၈၀၀ နာရီတွင်၊ ကတ္တမန္ဒူးမြို့သို့ ခေတ္တ ကြွရောက်လာသည့် ဖားအောက်တောရဆရာတော်အား ခေတ္တသီတင်းသုံးရာ Gokarna Forest Resort သို့ သွားရောက်၍ ဖူးမြော်ခဲ့ပြီး စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဆရာတော်ကြီးသည် နီပေါနိုင်ငံ၊ Dolakha ဒေသရှိ Dhammadayada တရားရိပ်သာတွင် သီတင်းသုံးလျက်ရှိပြီး မကြာမီက သက်တော် (၉၁) နှစ် ပြည့်မြောက်တော်မူခဲ့ကြောင်း သိရှိရပါသည်။

*********************************************************

Myanmar Ambassador and Embassy family pay homage to venerable Pa Auk Sayadaw in Kathmandu

(Kathmandu၊ 1-7-2025)

On June 26, 2025, at 0600 PM, His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal, and Embassy family paid homage to venerable Pa Auk Sayadaw at the Gokarna Forest Resort in Kathmandu, during the Sayadaw’s temporary stay. Embassy family respectfully offered food and refreshments to Sayadaw at the time of paying homage.
Venerable Sayadaw is currently residing at the Dhammadayada Meditation Center in the Dolakha region of Nepal. Sayadaw has recently attained the venerable age of 91, marking a milestone in his lifelong commitment to the practice, realization, and compassionate sharing of the Buddha Dhamma.

Nay Pyi Taw Time

Kathmandu Time

Holiday for Months

2 March 2026
Full Moon Day of Tapaung (Myanmar)

5 March 2026
Nepali Holiday (Nepal)

27 March 2026
Armed Forces Day (Myanmar)

Contact Us

Address

Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.

Phone

+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776