နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံခြားရေးဝန်ကြီးအား ဂါရဝပြုတွေ့ဆုံ
(၉-၆-၂၀၂၅ ရက်နေ့၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူရာနာ ဒယ်ဘအား ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နေ့လည် ၁၂ နာရီအချိန်တွင် နီပေါနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဝန်ကြီး၏ ဧည့်ခန်းမ၌ သွားရောက် ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုတွင် နီပေါနိုင်ငံဖက်မှ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများ၊ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဒုတိယအကြီးအကဲတို့ တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ဆက်ဆံရေး နှင့် သံတမန် ဆက်ဆံမှုများ ပိုမို အားကောင်းစေရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပရန် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ အသိပေး ဆွေးနွေးခဲ့ကြပါသည်။
Myanmar Ambassador to Nepal pays Courtesy Call on Foreign Minister of Nepal
(9-6-2025, Kathmandu)
His Excellency, U Myo Myint Maung, Myanmar Ambassador to Nepal, paid Courtesy Call on Dr. Arzu Rana Deuba, Minister for Foreign Affairs of Nepal, at the Minister’s Reception Hall of the Ministry of Foreign Affairs, Nepal, at 12:00 PM on June 9, 2025.
The meeting was attended by senior officials from the Ministry on the Nepali side, along with Myanmar Ambassador and Deputy Chief of Mission of the Embassy of the Republic of the Union of Myanmar in Kathmandu. Both sides exchanged views on strengthening the long-standing friendship between the two nations, promoting closer people-to-people ties and enhancing cooperation in the diplomatic sphere. Myanmar Ambassador outlined the process of upcoming General Election in Myanmar.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592842
+977 1 5592773
+977 1 5592776
