နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဗုဒ္ဓနေ့အခမ်းအနားနှင့် အခြားနိုင်ငံတော်အဆင့် အခမ်းအနားများ တက်ရောက်
( ကတ္တမန္ဒူး၊ မေလ ၁၃ ရက်)
နီပေါနိုင်ငံဆိုင်ရာ ၊မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် မေလ ၁၂ ရက်နေ့က ကတ္တမန္ဒူးမြို့၊ ဆွာရမ်ပူ၊ Ananda Kiti Vihar တွင် ကျင်းပပြုလုပ်သည့် Buddha Anniversary Celebration အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ကဆုန်လပြည့်နေ့တွင် မြတ်စွာဘုရားရှင် ဖွား၊ ပွင့်၊ စံ အထိမ်းအမှတ် ဗုဒ္ဓနေ့အဖြစ် နိုင်ငံတော်အဆင့် ကျင်းပခြင်းဖြစ်ပြီး၊ နှစ်စဉ် သမ္မတနှင့် ဝန်ကြီးချုပ်တို့က အလှည့်ကျ တက်ရောက်ခြင်းဖြစ်ပါသည်။ ယခုနှစ်တွင် အခမ်းအနားကို ဝန်ကြီးချုပ် K.P. Sharma Oli နှင့် ဇနီးတို့ တက်ရောက်ခဲ့ပြီး၊ မြန်မာသံအမတ်ကြီးက ဗုဒ္ဓနေ့အထိမ်းအမှတ် ပူဇော်စကား ပြောကြားခဲ့ပါသည်။
ထို့အပြင် သံအမတ်ကြီးသည် မေလ ၂ ရက်နေ့ တွင် နီပေါလွှတ်တော် အဆောက်အဦတွင် ကျင်းပသော သမ္မတ၏ လွှတ်တော်အဖွင့်မိန့်ခွန်းပြောကြားပွဲ နှင့် မေလ ၉ ရက်နေ့တွင် Nepali Supreme Court ကို ၁၉၅၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သော နေ့ကို ဂုဏ်ပြုကျင်းပသည့် Law Day 2025 အခမ်းအနားတို့ကို တက်ရောက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားများသို့ သမ္မတ၊ ဒုတိယသမ္မတ နှင့် ဝန်ကြီးချုပ်တို့ တက်ရောက် ခဲ့ကြပါသည်။
သံအမတ်ကြီးသည် မေလ ၁၀ ရက်နေ့တွင် International Federation of Journalists-IFJ နှင့် Nepal Press Union-NPU တို့ ပူးပေါင်းဆောင်ရွက်သည့် Lomanthang International Media Summit ကို တက်ရောက်ခဲ့ပြီး၊ အခမ်းအနားသို့ ဒုတိယသမ္မတ၊ နိုင်ငံခြားရေးဝန်ကြီး နှင့် ဆက်သွယ်ရေးနှင့် အချက် အလက် နည်းပညာဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါသည်။ ၃ ရက်တာ ကျင်းပသည့် ထိပ်သီး အစည်း အဝေးတွင် ဒီမိုကရေစီ၊ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ရာသီဥတုအန္တရာယ် ခေါင်းစဉ်များကို အဓိက ဆွေးနွေးခဲ့ ကြကြောင်း သိရှိရပါသည်။
Myanmar Ambassador participates in Buddha Day Celebration and High-Level State Functions
(Kathmandu, May 13)
Myanmar Ambassador to Nepal, H.E. U Myo Myint Maung, participated in a series of significant national and international events held in Nepal in May 2025.
On 12 May, Ambassador attended the Buddha Anniversary Celebration at Ananda Kiti Vihar, located in Swayambhu, Kathmandu. Recognized as the state-level ceremony in Nepal, the event is held annually on the full moon day of Kason, commemorating the birth, enlightenment, and parinirvana of the Lord Buddha. The Right Honorable Prime Minister Mr. K.P. Sharma Oli and spouse graced this year celebration. Ambassador delivered a message of reverence in honor of Buddha Day.
On 2 May, Ambassador attended the Opening Ceremony of the Federal Parliament of Nepal, during which the Right Honorable President delivered the official address to the legislature.
Furthermore, on 9 May, Ambassador participated in the observance of Law Day 2025, in commemoration of the establishment of the Supreme Court of Nepal in 1956. Signifying their national importance, these events were attended by the President, Vice President and Prime Minister.
Additionally, His Excellency was in attendance at the Lomanthang International Media Summit, jointly organized by the International Federation of Journalists (IFJ) and the Nepal Press Union (NPU). The Vice President, the Foreign Minister and the Minister for Communication and Information Technology of Nepal attended the inauguration of the Summit. The three-day summit focused on the critical themes such as democracy, press freedom and climate crisis.
Nay Pyi Taw Time
Kathmandu Time
Holiday for Months
2 March 2026
Full Moon Day of Tapaung (Myanmar)
5 March 2026
Nepali Holiday (Nepal)
27 March 2026
Armed Forces Day (Myanmar)
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841
+977 1 5592842
+977 1 5592773
+977 1 5592776
+977 1 5592842
+977 1 5592773
+977 1 5592776
