နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နီပေါ Army Command and Staff College တွင်ပြုလုပ်သည့် ‘Ambassador Talk Programme’ တွင် ဆွေးနွေးပို့ချခဲ့ခြင်း
(၂၉-၉-၂၀၂၄ ၊ ကတ္တမန္ဒူးမြို့)
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၉-၉-၂၀၂၄ ရက်နေ့တွင် နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ ယင်းကောလိပ်တွင် ဖွင့်လှစ်လျက်ရှိသည့် အမှတ်စဉ်(၃၁) Command and Staff Course ၏ ‘Ambassador Talk Programme’ တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံ ဆက်ဆံရေးတို့နှင့် စပ်လျဉ်း၍ သင်တန်းသားများအား ပို့ချဆွေးနွေးခဲ့ပါသည်။ အဆိုပါသင်တန်းသည် သင်တန်းကာလ(၁၀)လ ကြာမြင့်ပြီး နီပေါနှင့် မြန်မာနိုင်ငံ အပါအဝင် အခြား(၁၀)နိုင်ငံတို့မှ သင်တန်းသား အရာရှိများ တက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီးသည် ၂၇-၉-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် ကတ္တမန္ဒူးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Song ၏ ဖိတ်ကြားချက်အရ Hotel Yak & Yeti ၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကတ္တမန္ဒူးမြို့ အခြေစိုက် သံရုံးအကြီးအကဲများနှင့် သံရုံးတာဝန်ခံများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
ယင်းနေ့ နံနက်ပိုင်းတွင် သံအမတ်ကြီးသည် နီပေါနိုင်ငံ၊ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဦးစီးပြီး Cultural Corporation Center ၌ ကျင်းပသည့် (၄၅)ကြိမ်မြောက် ကမ္ဘာ့ခရီးသွားလာရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
Ambassador of Myanmar to Nepal participates in the ‘Ambassador Talk Programme’ at Army Command and Staff College of Nepal
(29-9-2024, Kathmandu)
On 29th September 2024, His Excellency U Myo Myint Maung participated in the ‘Ambassador Talk Programme’ of the 31st Command and Staff Course at the Nepal Army Command and Staff College, upon their invitation. He discussed the Myanmar’s Foreign Policy and the bilateral relations between Myanmar and Nepal with the participants. The training course will last for 10 months and includes participants from Nepal and officials from (10) other countries.
On 27th September 2024 in the morning, Myanmar Ambassador an d spouse attended the 75th Anniversary of the founding of the People’s Republic of China which was held by His Excellency Mr. Chen Song, Ambassador of the People’s Republic of China to Nepal at Yak & Yeti Hotel in Kathmandu and other Heads of Missions were present.
On the same day in the evening, Ambassador attended the 45th World Tourism Day program which was organized by the Ministry of Culture, Tourism and Civil Aviation of the Government of Nepal at Cultural Corporation Center in Kathmandu.
Yangon Time
Kathmandu Time
Holiday for Months
11 May 2025
( Full Moon Day of Kasone )
13 May 2025
( Buddha Jayanti Day )
Contact Us
Address
Building No.1344. Machhindra Nath Road, Nakhhu Height, Charghare, Bhaisepati, Lalitpur Metropolitan City, Ward No. 25. G.P. O. Box 20500.
Phone
+977 1 5592841 (5592842) (5592772) (5592773) (5592774) (5592776)